Part 25

4.9K 238 28
                                    

" ကျွန်တော်က ရှောင်ကျန့် မဟုတ်ဘူး.."

ခေါင်းငုံ့ပြီး ခပ်တိုးတိုးလေးပြောလိုက်မိတာမို့..
ရိပေါ်က သေချာမကြားလိုက်ဘူး။

" ဘာရယ်.."

~ ငါ ရင်ဆိုင်ရမယ်..ငါ လုပ်ခဲ့မိတဲ့ အကြောင်း
အတွက် ရလာမယ့်အကျိုးကိုလည်း ငါ ခံယူနိုင်
ရမယ်..ဒီ့ထပ်ပိုပြီး မြိုသိပ်မထားနိုင်တော့ဘူး..

ဝေ့ရင်း ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်ပြီး
ရိပေါ်ကို တည့်တည့်ကြည့်ကာ..

" ကျွန်တော်က ဝေ့ရင်း..ကျန့်ကောရဲ့အဖေတူ
အမေကွဲညီ..ကျွန်တော့်နာမည်က ဝေ့ရင်း.."

" အဲ့လိုမနောက်ရဘူးလေ..ကျန့်ကျန့်.."

" ကျွန်တော် တကယ်ပြောနေတာ..ဝမ်ရိပေါ်..
ကျန့်ကောက လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက
ဆုံးသွားပြီ.."

ရိပေါ်ရဲ့အေးစက်သွားတဲ့ဝင်သက်ထွက်သက်
တွေကို ကြည့်နေရင်းနဲ့တောင် ခံစားမိရတယ်
မလှုပ်မရှက်နဲ့တောင့်တောင့်ကြီး ရပ်နေတာမို့
ဆက်ပြောမယ့်စကားတွေကို စောင့်နေသလိုပဲ

ဝေ့ရင်း တံထွေးကိုတချက်မြိုချလိုက်ပြီး စကား
ဆက်ပြောဖို့ အားယူလိုက်ကာ..

" ကျန့်ကော မဆုံးခင်..ကျွန်တော့်ကို အရင်က
အကြောင်းတွေပြောပြခဲ့တယ်..ဝမ်ကောကော
ရဲ့အကြောင်းတွေကိုရောပေါ့..ကျန့်ကော ပြတဲ့
ဓာတ်ပုံထဲက ဝမ်ကောကောကို မြင်မြင်ချင်းမှာ
ပဲ..ကျွန်တော် ချစ်မိသွားခဲ့လို့ ဒီလိုတွေလုပ်ခဲ့မိ
တာပါ ကျွန်တော့်ကိုခွင့်လွှတ်ပါနော်..ကောကို
တမင်လိမ်ခဲ့တာမဟုတ်ပါဘူး..ကျွန်တော် ဖွင့်
ပြောဖို့လည်း ခဏခဏ ကြိုးစားခဲ့ပါသေးတယ်
ဒါပေမယ့်..ကောက ကျွန်တော့်ကို မုန်းများမုန်း
သွားမလားလို့ တွေးကြောက်ခဲ့မိလို့ပါ..ကော..
ကျွန်တော် ပြောနေတာကြားလား.."

" ရှောင်ကျန့်..ဆုံးသွားပြီဆိုတာ ဘာလဲ..အဲ့ဒါ
ဘာပြောတာလဲ.."

" ကျန့်ကောမရှိတော့ဘူး..သူ့ကိုယ်သူ သတ်..
သတ်သေသွားတာ.."

" သေသွားတယ်..မရှိတော့ဘူး..ရှောင်ကျန့်က
နေပါဦး..ကျန့်ကျန့် မင်းဘာတွေပြောနေတာလဲ
ငါ နားမလည်ဘူး..ငါ မသိ.."

Colorless (Uni+Zgyi) CompletedTahanan ng mga kuwento. Tumuklas ngayon