The Other Side (U)

4.7K 260 34
                                    

ပျော်နေတယ်မလား ရိပေါ်
မင်းဆီ ပြန်မလာနိုင်ခ့ဲတ့ဲ င့ါအစား
စုတ်တံကိုင်နိုင်တ့ဲ လက်တစုံကို
အရောက်ပို့ပေးလိုက်ပါတယ်
ငါ မခြယ်မှုန်းနိုင်ခ့ဲတ့ဲ ကင်းဗတ်စအလွတ်ကြီး
အပေါ်မှာ..သူ့ကို စိတ်တိုင်းကျ
ရေးခြယ်ခွင့်ပြုလိုက်ပါ။

The Moment က
မင်းဘက်က တဖက်တည်းတင်မဟုတ်ခ့ဲပဲ..
ငါ့ဘက်ကပါ ခံစားမိတ့ဲအခိုက်အတန့်တခုပါ
ဒါကို ငါ ပြောပြချင်ခ့ဲမိပါတယ်..
ဒါပေမယ့်..ရိပေါ်ရယ်..
ဒဏ်ရာတွေနဲ့ ငါ့နှလုံးသားကို မင်းလက်ထဲ
မထည့်နိုင်ဘူး..
ငါ့ကိုပဲ ကြည့်နေခ့ဲတ့ဲမင်းကို အားနာတယ်
ငါ့ဘေးနားပဲ ရှိနေခ့ဲတ့ဲမင်းကို အားနာတယ်
မသိကျိူးနွံပြုခ့ဲမိတ့ဲ မင်းရဲ့ချစ်ခြင်းတွေကိုလေ..
လက်မခံရဲလောက်တ့ဲအထိ ပျော့ည့ံမိပါတယ်။

မင်းအတွက် ငါ ဆိုတာ နာကျင်စရာအတိတ်
တခုအပြင် အပိုမရှိခ့ဲဘူးဆိုရင်တောင်မှ..
သတိရပေးပါ ဝမ်ရိပေါ်..
ငါ့ကို တခါတလေတော့ လွမ်းနေပေးပါ။

ဒီဘက်မှာ သိပ်အထီးကျန်တယ်
ငါ တယောက်တည်း...
ကြာလာရင် နေသားကျသွားလိမ့်မယ်လို့
ထင်ခ့ဲပေမယ့်..
ငါ ခေါ်တိုင်း ပြေးလာတတ်တ့ဲ မင်း..
ဟောဒီက ဒီအုတ်ဂူဆီကို ဘယ်အချိန်မှာများ
ထပ်ရောက်လာလိမ့်မလဲဆိုတာ..
နေ့ရှိသ၍ ငါ မျှော်လင့်နေမိတုန်းပါပဲ။

ထီးတချောင်းအောက်က..
မင်းတို့ရဲ့နောက်ကျောတစုံ။
တဖြည်းဖြည်းဝေးသွားပြီး ပျောက်ကွယ်သွားတ့ဲအထိ
ငါ ထိုင်ကြည့်နေခ့ဲမိတယ်။
တနေ့တော့..ငါ့ကိုပြန်လာတွေ့ကြမယ်မလား။

မင်း သိပါ့မလား..
တတိယမြောက် သေကြောင်းကြံခြင်း
အထမြောက်သွားတ့ဲအချိန်..
အရာအားလုံးချုပ်ငြိမ်းသွားဖို့ စက္ကန့်ပိုင်းအလိုမှာ..
သေခါနီးဖြစ်နေတ့ဲ ငါက
မင်းနဲ့ထပ်တွေ့ချင်ခ့ဲမိတာ။

ငါ့ရွေးချယ်မှုတွေက
ဘာလို့အမြဲတလွဲဖြစ်ခ့ဲရတာလဲ။
အနီးအနားကမင်းထက် ကျန်းချန်ကိုရွေးတယ်
အနှစ်သိမ့်ခံဖို့ထက် ဝေးတ့ဲနေရာကိုပြေးတယ်
ပြန်သွားဖို့ထက် ဘယ်တော့မှမတွေ့ရတော့တ့ဲ
အထိ ဆုံးဖြတ်ချက်တွေ မှားယွင်းခ့ဲတယ်။

မင်းမကြားနိုင်တော့မယ့်
တခြားတဖက်ခြမ်းက ငါ့နောင်တငိုသံတွေပေါ့
ဝမ်ရိပေါ်...

ဘဝကူးတံတားပေါ်ရောက်တ့ဲအခါ..
အတိတ်မေ့ဆေးရည်ကိုသောက်ဖြစ်အောင်ကို
သောက်မယ်။

Colorless (Uni+Zgyi) CompletedOnde histórias criam vida. Descubra agora