Part 16 (U)

3.3K 271 13
                                    

သူတို့ အတူတူအိပ်ဖြစ်ခ့ဲကြတယ်။
ကျောပေးလျက်ပေါ့..

ရှောင်ကျန့် အရမ်းစိတ်ဆိုးသွားတယ်ဆိုတာ..
ရိပေါ်သိပေမယ့်..သူ့တကိုယ်လုံးကို ရင်ခွင်ထဲ
ထည့်ကာသိမ်းကျုံးဖက်ထားလိုက်ချင်ပေမယ့်..
ဆန့်ကျင်ဘက်ပဲ ကျောပေးလိုက်မိတယ်။

ဒေါသကြောင့် အဝင်အထွက်မြန်နေတ့ဲ ကျော
ဘက်ဆီက ရှောင်ကျန့်ရဲ့အသက်ရှူသံပြင်းပြင်း
ကိုမကြားချင်ယောင်ဆောင်ကာ ကျိတ်မှိတ်ပြီး
အိပ်ပျော်အောင် အိပ်ဖို့စဉ်းစားနေတုန်းမှာပဲ..

ရှောင်ကျန့်က ဝုန်းကနဲ အိပ်ရာပေါ်ကထသွား
တာမို့..

" ကျန့်ကျန့်..ဘယ်လဲ.."

" မင်းက ငါ့အိပ်ရာပေါ်မှာ လာအိပ်နေမှတော့
ငါက မင်းအိပ်ရာပေါ် သွားအိပ်မလို့လေ.."

~ ကလေးဆန်လိုက်တာ ရှောင်ကျန့်ရယ်..
အရင်က ပုံစံလေးတွေ ဘယ်ပျောက်ကုန်လဲ

.................

ကျွန်တော့်ရှောင်ကျန့်က လူလေးက နုဖတ်ပြီး
လှသလောက် အသည်းကမာလိုက်တာများ..
တအိမ်တည်းနေပြီး မျက်နှာချင်းဆိုင်တွေ့တာ
တောင် စကားလုံးဝမပြောဘူးလေ။

ဘယ်လောက်အူယားစရာကောင်းလိုက်လဲ။
စကားသာမပြောတာ ရောက်လေရာ နေရာက
နေ လာကြိုဖို့ missed call က ပေးသေးတာ။
မူးပြီးပြန်မလာနိုင်တ့ဲအချိန်တွေမှာပေါ့။

ကျွန်တော့်မှာအလုပ်ကပြန်လာရင် ရေမိုးချိုးပြီး
သူ ဖုန်းဆက်ခေါ်မယ့်အချိန်ကို စောင့်နေရပြီ။

သူ့ဖုန်းလေးဝင်လာတာနဲ့ Location ကို ကြည့်
ပြီးသွားခေါ်ပေးရတာ နေ့စဉ်အလုပ်တခုလိုပင်

ကျွန်တော်သိပါတယ်။ သူ ကျွန်တော့်ကိုတမင်
ညှင်းဆဲနေတာ။ စိတ်ဆိုးပြီးအရွဲ့တိုက်နေတာ
မူးရူးအော်ဟစ်သောင်းကျန်းရင်း ကျွန်တော့်ကို
ဆဲဆဲဆိုဆိုနဲ့ အနိုင်ကျင့်နေတာ။သူ့ဒေါသတွေ
ကို ကျွန်တော်သိအောင် မဆိုးချင်ပဲ ဆိုးပြနေရ
တယ်ဆိုတာကိုလေ။

ကျွန်တော်က အလိုက်ကန်းဆိုးမသိတ့ဲကောင်
ဆိုပြီး စိ်တ်ထဲကနေကျိတ်ပြီးမေတ္တာတွေလည်း
ပို့နေလောက်ပါတယ်။

Colorless (Uni+Zgyi) CompletedTempat cerita menjadi hidup. Temukan sekarang