Part 6

3.4K 224 10
                                    

ရှောင်ကျန့်အဘွားကိုမြေမြှုပ်သဂြိုလ်မယ့်နေ့မှာ
ရှောင်ကျန့်အမေရောက်လာတယ်။

ရှောင်ကျန့်ကတော့ အထူးတလည် ခံစားချက်
မရှိသလိုပဲ..မတုန်မလှုပ်မျက်နှာနဲ့..

" ဒါ ကျွန်တော့်သူငယ်ချင်း ဝမ်ရိပေါ်..အဘွား
ရဲ့နောက်ဆုံးခရီးကို သူပဲ အစအဆုံးလုပ်ပေး
တာ..ကျေးဇူးတင်လိုက်ဦး.."

" ကျေးဇူးတင်ပါတယ်သားရယ်..အန်တီ ဘယ်
လိုပြောရမယ်မှန်းကိုမသိပါဘူး..အခုလို ကူညီ
ပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ် "

" ရပါတယ် အန်တီ..ကျွန်တော်က ရှောင်ကျန့်
တယောက်တည်းဖြစ်နေလို့ ကူပေးတာပါ "

ရှောင်ကျန့်အမေက တခုခုပြောချင်ပုံရပေမယ့်
ဘေးမှာ ရှောင်ကျန့် ရှိနေတာမို့..

" ရှောင်ကျန့်..အိမ်ထဲကဧည့်သည်တွေကိုသွား
ဧည့်ခံလိုက်ဦး.."

" ဘာလဲ..သနားစရာကောင်းတဲ့သားပါ ဆိုပြီး
ဇာတ်လမ်းတွေခင်းပြဦးမလို့လား..မြန်မြန်ပြန်
လိုက်ပါတော့..စိတ်ရှုပ်တယ် "

" ကျန့်ကျန့်..အန်တီ့ကို အဲ့လိုမပြောရဘူးလေ
ကွာ.."

" မင်းက ဘာသိလို့လဲ..မင်း အသာနေစမ်းပါ "

ရှောင်ကျန့်က တင်းထားတဲ့နှုတ်ခမ်းတွေကို မဲ့
လိုက်ပြီး..

" မွေးထားတဲ့သားသမီးကိုတောင် မပြုစုချင်တဲ့
မစောင့်ရှောက်ချင်တဲ့ ဒီလိုအမေကို ဘာကိစ္စနဲ့
ရိုသေလေးစားပေးနေရမှာလဲ.."

" ကျန့်ကျန့်..."

" ရပါတယ် သား..သူ ပြောပါစေ.."

ရှောင်ကျန့်အမေက စီးကျလာတဲ့မျက်ရည်တွေ
ကို လက်ကိုင်ပုဝါနဲ့အသာတို့သုတ်လိုက်ပြီး..

" မားမား မနက်ဖြန်ကျ ပြန်ပါ့မယ်..ဒီနေ့တော့
သားရဲ့အဘွားကို အဖော်ပြုပေးပါရစေဦး "

" သေသွားပြီးတော့မှ ဘာကိုအဖော်ပြုဦးမှာလဲ
စိတ်ပျက်စရာကောင်းလိုက်တာ.."

ရှောင်ကျန့်က ချာကနဲလှည့်ထွက်သွားပြီး အိမ်
ထဲကို ဝင်သွားတော့တယ်။ ရိပေါ်လည်း ဘေး
ကနေ ဘာပြောရမှန်းမသိဘူးဖြစ်နေတာပေါ့။

Colorless (Uni+Zgyi) CompletedOnde histórias criam vida. Descubra agora