Part 10

3.1K 213 7
                                    


" ရှောင်ကျန့် အဝတ်ထူထူလဲဝတ်ထားလိုက်ဦး
မင်း အခု အနားယူဖို့လိုတယ်..ငါ ကော်ဖီသွား
ဖျော်ပေးမယ်..ဆေးသောက်ပြီးမှ အိပ်နော်.."

ရှောင်ကျန့်က ရိပေါ်ရဲ့လက်ကိုလှမ်းဆွဲကာ..

" ငါ့စိတ်ထဲမှာ ဗလာဖြစ်နေတယ် ရိပေါ်..အခု
ဘာကိုမှစဉ်းစားလို့မရဘူး..ကျိုးချန်မရှိပဲနဲ့..ငါ
ဘယ်လိုရှေ့ဆက်သွားရမယ်ဆိုတာ မသိသေး
ဘူး..ငါ ဘာလုပ်ရမလဲဟင်.."

" အခုလောလောဆယ်တော့ ဘာမှမစဉ်းစားနဲ့
ခဏနားလိုက်ပါဦး..မင်း အရမ်းငိုထားတာလေ
ခေါင်းတွေကိုက်နေလိမ့်မယ်.."

ရိပေါ် မီးဖိုချောင်ထဲမှာ တိတ်တိတ်လေး သွား
ထိုင်နေမိတယ်။ တပွက်ပွက်ဆူနေတဲ့ ရေနွေး
နဲ့အပြိုင် သက်ပြင်းတွေအကြိမ်ကြိမ်ချမိနေပြန်
ပါရော..

ရှောင်ကျန့်ရဲ့အေးစက်နေတဲ့နှုတ်ခမ်းတွေနဲ့
ပူနွေးနေတဲ့လျှာဖျားလေးက အခုချိန်အထိကို
ရင်ခုန်အောင်ပြုစားလို့နေဆဲ..

~ မေ့လိုက်ကြရအောင်တဲ့လား ရှောင်ကျန့်..
မင်းအတွက် ငါက အဲ့လိုပဲ လွယ်နေသလား

တမြတ်တနိုးတန်ဖိုးထားနေတဲ့ ဒီလူရဲ့အနမ်း
တွေကို အပိုင်ယူပြီးကာမှ ပြန်မေ့ခိုင်းနေသတဲ့

ရှောင်ကျန့်က သူ့ကိုဆို ဘယ်တော့မမြင်နိုင်ခဲ့။
ကျိုးချန်မရှိပဲနဲ့ ဘယ်လိုရှေ့ဆက်ရမလဲတဲ့လား..

နာကျင်ခံစားနေရတာတွေက နှစ်ဆ..
သူ့အတွက်ရော ကိုယ့်အတွက်ကိုရော..

တဖက်ကိုသတ်ကြတာချင်းအတူတူပဲကို..
ရှောင်းရှောင်ကျန့်ရယ်..
မင်းနှလုံးသားလေးက ပိုနာနေသလား..

ကော်ဖီယူလာတော့ ရှောင်ကျန့်က အိပ်နေပြီ။
နဖူးလေးကိုဖွဖွလေးနမ်းမိတယ်။

~ ငါ မင်းကိုမုန်းလို့လည်းမရပါလား ကျန့်ကျန့်
တကယ်ဆို မင်းကိုထားပြီးထွက်သွားသင့်တာ
ငါ သွားလို့လည်းမရပါလား..

မင်းက ကျိန်စာပါ..ရှောင်ကျန့်
အချစ်တွေက စတေးခံပေါ့
ဘယ်သူမှမမြင်နိုင်တဲ့ ငါ့အနာတရတွေက
မင်းကြောင့်မို့ကို မကုစားရက်ခဲ့တာ..

Colorless (Uni+Zgyi) CompletedUnde poveștirile trăiesc. Descoperă acum