Part 24 (U)

4K 245 8
                                    

ချစ်ရတ့ဲသူနဲ့လက်တွဲခွင့်ရတ့ဲ ဘဝကြီးလောက်
ပျော်စရာကောင်းတာ ရှိပါ့ဦးမလား။

နေ့ရက်တိုင်းဟာ ပျားရည်အိုင်ထဲ နစ်မြှုပ်နေရ
သလို..ချိုအီလွန်းလို့ ရုန်းမထွက်နိုင်တော့တ့ဲ
အထိ ဖြစ်နေရတယ်။ ဝေ့ရင်း ဖွင့်ပြောမယ်လို့
ကြံစည်လိုက်တိုင်း ရိပေါ်ရဲ့ကဲကဲလှုပ်ချစ်ခြင်း
တွေအောက်မှာ နှုတ်ဆိတ်သွားခ့ဲရပြီး..ပြောပြ
ဖို့ကို မဝ့ံမရဲဖြစ်လို့နေရှာတာပေါ့။

ဒီလိုနဲ့ သူတို့အိမ်ထောင်သက်လည်း သုံးလနီး
ပါးရှိလာပြီ။ ဒီကြားထဲ ဝေ့ရင်းကအနေအထိုင်
သိုသိပ်လွန်းခ့ဲတော့..သူဟာ ရှောင်ကျန့်အစစ်
မဟုတ်ပါဘူးဆိုတာ ဘယ်သူမှ မရိပ်မိကြဘူး။

ဒါပေမယ့် ဝေ့ရင်းခမျာမှာ စိတ်အေးလက်အေး
မနေနိုင်ခ့ဲပါဘူး။ ရိပေါ်သိများသိသွားမလားဆို
တ့ဲ အတွေးတွေကြောင့် စိတ်ဖိစီးနေခ့ဲရတာက
လည်း..ဒီ ၃လ လုံးလုံးပါပဲ။

ရိပေါ်ဆီက ကျန့်ကျန့်လို့ ခေါ်သံကြားလိုက်တ့ဲ
အခါတိုင်း ခြေဖျားလက်ဖျားတွေပါ အေးစက်ရ
တ့ဲအထိ..ကြောက်မိတယ်။ အ့ဲ နာမည်ခေါ်သံ
တွေက သူ့ကို ရိပေါ်အနားကနေ မောင်းထုတ်
နေသလို ခံစားရတာလည်း ခဏခဏပဲ။

ဝမ်ရိပေါ်ရဲ့အချစ်တွေက သူ့အပေါ်မှာမဟုတ်ပဲ
ကျန့်ကောတယောက်တည်းအတွက်ဆိုရင်..
သူက ကျန့်ကောမဟုတ်မှန်း ရိပေါ်သာသိသွား
ခ့ဲရင်..ဆိုတ့ဲအတွေးက အိမ်မက်ဆိုးကြီးလို..
သူ့ကို ခြောက်လှန့်လို့နေလေပြီ။

အခုချိန်မှာ..သူ ဝမ်ရိပေါ်ကို နင့်နင့်နဲနဲချစ်မိနေ
ပြီး တသက်လုံး အတူတူနေသွားချင်တယ်။

ကျန့်ကော ပြောသလိုပဲ..အချစ်ဆိုတာက
တကယ်မရှိဘူး..တကယ်ချစ်မိသွားတ့ဲသူသာ
နာကျင်ကြေကွဲရမှာ ဆိုတာမျိူး ဖြစ်လာမလား။

ကျန့်ကောရေ..
ကျွန်တော်တွေက တဖတ်ကို သတ်ကြမယ့်
အချစ်တွေကိုယ်စီ ပိုင်ဆိုင်ထားကြတယ်နော်။
သေချာတာကတော့..
ဟိုဘက်တဖက်ကို သတ်ဖို့မဟုတ်ပါပဲ..
ကျွန်တော်တို့ ကိုယ့်နှလုံးသားကို သတ်ပစ်ရဖို့
ကံကြမ္မာဖန်လာခ့ဲရင်..
ကျန့်ကောရဲ့ ဝမ်ရိပေါ် တယောက်..
ကျွန်တော့်ရင်ထဲက အချစ်တွေကို မြင်နိုင်ပါစေ
လို့..ကျွန်တော် ဆုတောင်းပါတယ်။

Colorless (Uni+Zgyi) CompletedOpowieści tętniące życiem. Odkryj je teraz