Part 19

3.1K 209 25
                                    

" ကျန့်ကော..ရိပေါ်ကောကို ဘယ်လိုမြင်လဲ "

" သူ အရမ်းကောင်းတယ်.."

" အဲ့ဒါပဲလား.."

" ငါ့ကိုလည်း အရမ်းချစ်တယ်.."

" သိရဲ့သားနဲ့များဗျာ.."

ကျန့်ကောက သူ့ကိုပြုံးပြီး မော့ကြည့်လာတယ်
အဓိပ္ပာယ်ဖော်လို့မရတဲ့ အပြုံးတွေ..တနည်း..
လမ်းပျောက်နေဆဲ လူတယောက်လို အားကိုး
ရာ ရှာမတွေ့နေရှာတဲ့ ခံစားချက်အသေတွေနဲ့
ပြုံးပြရင်း..

" သူက အရာရာပြည့်စုံနေတဲ့လူတယောက်ပါ
ငါနဲ့မတန်ပါဘူး.."

" ဒါပေမယ့်..ကျန့်ကောကို သူ ချစ်တယ်လေ "

" မသေချာပါဘူး..အချစ်စစ်ဆိုတာ ဒီကမ္ဘာပေါ်
မှာမရှိဘူး..ဝေ့ရင်း..အကုန်လုံး အလိမ်အညာ
တွေချည်းပဲ..မေတ္တာမှန်ရင် အသွားအပြန်ရှိနိုင်
တယ်ဆိုတဲ့နိယာမတွေကလည်း စာအုပ်ထဲမှာ
ပဲ ရှိတယ်..မင်းဘက်က ဘယ်လောက်အထိပဲ
စစ်မှန်နေပါစေ..နောက်ဆုံးမှာ ကျရှုံးရမယ့် သူ
ကချစ်မိခဲ့တဲ့သူပဲ..မင်းဘာသာမင်း တဘဝလုံး
ပုံပြီး ပေးနေခဲ့လည်း တန်ဖိုးမထားတတ်တဲ့လူ
ရဲ့လက်ထဲမှာတော့ အမှိုက်စတခုလို တနေ့နေ့
တချိန်ချိန်မှာ သေချာပေါက်လွှင့်ပစ်ခံရမှာပါပဲ "

" ကျန့်ကော..မငိုပါနဲ့..ကျွန်တော် မမေးတော့ပါ
ဘူး..မေ့ပစ်လိုက်ပါ..ခံစားနေရတဲ့ နာကျင်စရာ
တွေကို မေ့လိုက်ပါတော့လားဗျာ "

" ငါလည်း မေ့ပစ်ချင်ပါတယ်..ဝေ့ရင်းရယ်..ငါ
လည်း အရမ်းပင်ပန်းနေပြီ..ဒါပေမယ့် ဒီရင်ထဲ
က..ဟောဒီ့ ငါ့ရင်ဘတ်ကြီးထဲက နာနေတယ်
မေ့ပစ်ဖို့ကြိုးစားလိုက်တိုင်း..ငါ သိပ်ချစ်ခဲ့မိတာ
တွေက အစကနေ ပြန်ပြန်ပေါ်လာတယ်..မင်း
သိလား..အဲ့ဒါက ဘာနဲ့တူသလဲဆိုတော့လေ
ကျိုးချန်ကိုမေ့ပစ်ဖို့ဆိုတာက အသက်ဆက်မရူ
တော့ဖို့ ကြိုးစားနေရသလိုကို ခက်ခဲနေတယ်
ငါ့ဘဝကို သူနဲ့စတင်ခဲ့တာမို့..ငါ သူနဲ့ပဲ အဆုံး
ထိ အတူတူသွားချင်ခဲ့တာ..ငါ့ဘေးမှာ တခြား
ဘယ်သူမှမရှိတော့ရင်တောင် သူရှိနေပေးရင်
ရပြီဆိုတဲ့ စိတ်ကြီးနဲ့ ငါ ရှင်သန်လာခဲ့ပြီးကာမှ
ငါ့ကို လုပ်ရက်လိုက်တာ.."

Colorless (Uni+Zgyi) CompletedDonde viven las historias. Descúbrelo ahora