Part 8 (U)

3.5K 295 7
                                    

" ရှောင်ကျန့်ကလည်း မင်းအပေါ် သံယောဇဉ်
ရှိတာပဲ..မင်း သူ့ကိုဖွင့်ပြောပြီး တွဲလိုက်ကြပေါ့
မင်းလည်း အဆင်ပြေ..ငါလည်း အဆင်.."

" မင်း စောက်ပါးစပ်ကိုပိတ်ထား.."

အထိုးခံထားရတာတောင်မှ အလိုက်ကန်းဆိုး မသိ..မထုံတက်တေးမျက်နှာနဲ့ ဆက်ပြောနေ
တ့ဲ ကျိူးချန်ကို အရှင်လတ်လတ်မီးနဲ့ရှို့သတ်ပစ်
ချင်နေတ့ဲစိတ်တွေက တဖွားဖွား..

~ ငါက အောက်ကျခံနိုင်ပေမယ့် မင်းရဲ့သိက္ခာ
ကိုတော့အထိပါးမခံနိုင်ဘူးလေ..တယောက်က
ပလစ်လိုက်လို့ နောက်တယောက်ရဲ့ရင်ခွင်ထဲ
လွယ်လွယ်ပြောင်းဝင်နိုင်တ့ဲကောင်လို့ မင်းကို
အပြောမခံစေချင်ဘူး..

ဖွင့်တောင်မပြောရက်ပဲ တမြတ်တနိုးသိမ်းထား
ရတ့ဲ အချစ်တွေကို ဒီလိုပစ်စလတ်ခတ်ပုံစံကြီး
နဲ့ ပေးရမယ်တ့ဲလား။

~ မင်းရဲ့နာကျင်မှုတွေကို ငါ့အချစ်တွေနဲ့ကုစား
ပေးချင်ပေမယ့် ကျန့်ကျန်ရယ်..ဒီလိုမျိုးနဲ့တော့..

" လူတယောက်ကို ချစ်ခြင်း မချစ်ခြင်းက..မင်း
ထင်သလောက်မလွယ်ဘူးကွ..မင်းကိုယ်တိုင်
ခံစားဖူးတာပဲ..လက်လွတ်စပယ်မပြောစမ်းပါနဲ့
မင်း အ့ဲစကားတွေကို ရှောင်ကျန့်ရှေ့မှာ လုံးဝ
မပြောမိစေနဲ့..ငါ ပြောတာကြားလား ကျိူးချန် "

ကျိျူးချန်က စကားမပြန်ပဲ မျက်နှာလွှဲသွားတယ်။

" မင်းကွာ..ရှောင်ကျန့်ခမျာ အရမ်းခံစားသွားရ
မှာ..ရှက်လည်းရှက်သွားမှာ..အ့ဲဒါ မင်းသိလား "

" ရှောင်ကျန့်ကို ငါ မချစ်နိုင်တာကလွဲရင်..သူ
က ငါ့အချစ်ဆုံးသူငယ်ချင်းပါ..သူ ငါ့အပေါ်ကို
အ့ဲလိုချစ်နေတာမှန်း ငါ မသိခ့ဲတာအမှန်ပါကွာ
သူ ဖွင့်ပြောခ့ဲတုန်းက ငါ အရမ်းအ့ံသြသွားပြီး
ဘယ်လိုငြင်းလို့ငြင်းရမှန်းလည်း စဉ်းစားလို့ကို
မရဘူး..ငါ အ့ဲတုန်းက သူ့ကိုငြင်းများငြင်းခ့ဲရင်
သူ မဟုတ်တာတွေ လျှောက်လုပ်တော့မှာကွ
အ့ဲဒါကြောင့် ငါ လက်ခံပေးခ့ဲလိုက်တာ.."

" ပြီးခ့ဲတာတွေကို ဘာလုပ်လို့ရဦးမှာလဲ..အခု
မင်း သူ့ကိုဘယ်လိုပြောပြဖို့စဉ်းစားထားလဲ.."

Colorless (Uni+Zgyi) CompletedTempat cerita menjadi hidup. Temukan sekarang