Part 23 🔞

5.6K 163 2
                                    

အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ နေ့ရက်တိုင်းဟာ
သာယာချိုမြိန်တဲ့လေထုနဲ့ ပနံသင့်လှတယ်။

အရင်ကမပြောဖြစ်ခဲ့ကြပေမယ့် အခုတော့ ချစ်
တယ် ဆိုတဲ့စကားက..နှစ်ယောက်အတူတူ ရှိ
ကြတဲ့အချိန်တိုင်း တဖွဖွ။

အတူတူတွဲထားတဲ့ လက်တွေကလည်း ဘယ်
တော့မှ ဖြတ်လို့မရတော့မယ့်ခိုင်မြဲတဲ့ကြိုးတွေ
လို..ခပ်တင်းတင်းနဲ့ရယ်။

သူငယ်ချင်းအဆင့်မှသည်
အနီရောင် အချစ်ဦးသို့..
အခုတော့..သိပ်လှတဲ့ အရောင်တွေနဲ့ရေးခြယ်
ပေးမယ့် ချစ်သူ အဖြစ်..
ဒီဖြစ်တည်မှုလေးက ဘဝမှာ ဆက်ရှင်သန်ချင်
တဲ့ အကြောင်းအရင်းတခုပါပဲ။

အရောင်အဆင်းမရှိခဲ့တဲ့ပန်းချီကားလေးတချပ်
က..အခုတော့ အချစ်တွေနဲ့ဆေးရောင်ခြယ်ပြီး
သိပ်လှတဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်ခဲ့ရတယ်

နောက်ကွယ်က အမှန်တရားဆိုတာတွေထွက်
ပေါ်လို့သာ မလာခဲ့ရင်ပေါ့..

.................

ဝေးကွာခဲ့ပြီးတဲ့နောက် ထပ်ပြီး ခွဲခွာဖို့ စိတ်ကူး
မရှိတော့တာမို့..ရိပေါ်က ဆေးရုံကဆင်းတာနဲ့
ဝေ့ရင်းလက်ကိုဆွဲကာ ပင်လယ်ဆီကို အပြေး
သွားပြီး..ပင်လယ်ကြီးရှေ့မှာပဲ လက်ထပ်ခွင့်
တောင်းခဲ့တယ်။ ပျော်လွန်းလို့ကျတဲ့ ဝေ့ရင်းပါး
ပေါ်က မျက်ရည်တွေကို လက်မလေးနဲ့အသာ
သုတ်ပေးရင်း..

" မငိုပါနဲ့ ကျန့်ကျန့်..မင်းကိုငိုခွင့်မပေးနိုင်တော့
ဘူး.." တဲ့လေ။

သူ ဘယ်သိပါ့မလဲ။
ရှောင်ကျန့်တဖြစ်လဲ ဝေ့ရင်းဆိုတဲ့ကောင်လေး
ရဲ့ရင်ထဲက စိုးရိမ်ကြောင့်ကြမှုတွေကို..

~ ဝမ်ကောကောကို ငါ့ဘက်က ဖွင့်ပြောမှဖြစ်
မယ်..ဒီတိုင်းကြီး ဆက်နေသွားလို့မဖြစ်ဘူးပဲ..

တနေ့ သိများသိသွားခဲ့ရင်..ဒီလိုချစ်ပါ့မလားဆို
တဲ့စိတ်ဖိစီးမှုတွေနဲ့..မုန်းများမုန်းသွားမလားဆို
ပြီးကြောက်နေခဲ့ရတယ်။ ရိပေါ် သူ့ဘာသာသူ
သိမသွားခင် ဖွင့်ပြောပြဖို့ စိတ်ကူးထားပေမယ့်
လည်း..မသိစိတ်ထဲကနေ တွန့်ဆုတ်လို့နေရှာ
တာပေါ့။ ခုချိန်မှတော့..ရိပေါ်နဲ့ သူ မခွဲနိုင်ဘူး။

Colorless (Uni+Zgyi) CompletedTempat cerita menjadi hidup. Temukan sekarang