Part 13

3.1K 212 8
                                    

" မင်း ပြန်ရောက်တာကို ဘာလို့ ကိုယ့်အိမ်ကို
ပြန်မလာပဲ ဟိုတယ်မှာနေနေရတာလဲ.."

ရီဝေဝေမျက်လုံးလေးက မူးနေသလိုလိုနဲ့
တလက်လက်တောက်ပနေဆဲ။ မျက်တောင်
ရှည်ရှည်တွေကို တဖျတ်ဖျတ်ခတ်ရင်း ပြုံးလို့..

" အဲ့အိမ်ကိုမပြန်ချင်ဘူး.."

" မင်းက ဟိုကိုပြန်သွားမှာလား.."

" မပြန်ချင်ဘူး.."

" အဲ့ဒါဆိုဘယ်လိုလုပ်မှာလဲ..ဟိုအိမ်ကိုလည်း
မပြန်ချင်..ဒီအိမ်မှာလည်းမနေချင်နဲ့.."

" ငါ့ဘဝက အဲ့လိုပဲ..ဘယ်နေရာနဲ့မှ အံ့ဝင်ဂွင်
ကျ မဖြစ်ဘူး..တခါတလေ တွေးကြည့်မိတယ်
ငါ မွေးဖွားလာတာ မှန်မှမှန်ရဲ့လားလို့ပေါ့.."

" ဘာလို့ အဲ့လိုတွေလျှောက်တွေးနေရပြန်တာ
တုန်း..မူးနေရင်လည်း ပြန်စို့..ငါ့အိမ်လိုက်ခဲ့.."

" ရိပေါ်.."

ရှောင်ကျန့်က နှုတ်ခမ်းချင်းထိလုမတတ် ကပ်
လာပြီး ရိပေါ်ရဲ့နှုတ်ခမ်းတွေကိုစိုက်ကြည့်ရင်း

" ငါ မင်းကိုတခုတော့ပြောချင်တယ်..တကယ်
အတည်ပြောမှာ.."

ရိပေါ် အာခေါင်တွေတောင်ခြောက်လာသလို
တံတွေးကိုအကြိမ်ကြိမ်မြိုချမိနေတယ်။
ရှောင်ကျန့် မျက်နှာပေါ်က မွေးညှင်းပေါက်နုနု
လေးတွေကအစ အသေးစိတ် မြင်နေရတာမို့
ဝုန်းဒိုင်းကြဲနေတဲ့ ရင်ခုန်သံတွေကို မနည်းကို
ထိန်းထားလိုက်ရင်း..

" အင်း..ပြောလေ.."

" ငါ ဒီကို မင်းရှိနေလို့လာခဲ့တာ..မင်းကို တွေ့
ချင်လို့ ဒီလိုတွေလုပ်ခဲ့မိတာ.."

" ကျန့်ကျန့်..."

တခုခုပြောမယ့်ဟန်ပြင်လိုက်တဲ့ ရိပေါ်ရဲ့ပါးစပ်
ကို ရှောင်ကျန့်က လက်ဖဝါးလေးနဲ့လာအုပ်ပြီး

" တန်ဖိုးဆိုတာ..တန်ဖိုးထားတဲ့လူရဲ့လက်ထဲ
မှာပဲ ရှိတာ..မင်းဘာသာမင်း ဘယ်လောက်ပဲ
ပေးဆပ်နေပါစေ..တဖက်က တန်ဖိုးမထားရင်
အလကားပဲ..ဟုတ်တယ်မလား.."

မျက်ရည်တွေဝေ့သီနေတဲ့ သူ့မျက်ဝန်းတွေကို
ကြည့်ရင်း ရိပေါ် သက်ပြင်းချလိုက်မိတယ်။

Colorless (Uni+Zgyi) CompletedOpowieści tętniące życiem. Odkryj je teraz