Part 15 (U)

3.3K 282 8
                                    

မာမားကတော့ တရှုံ့ရှုံ့ငိုလို့။

ရိပေါ် စပ်ဖြဲဖြဲလေးလုပ်ပြီး မာမားကိုလှမ်းဖက်
လိုက်ရင်း..

" ကျွန်တော်က လူဆိုးလေးနော် မာမား..အမြဲ
တမ်း စိတ်ပူအောင် စိတ်ဆင်းရဲအောင်ပဲ လုပ်
နေမိတယ်မလား.."

" သားရယ်.."

" သား မရှိတော့ရင်..ရှောင်ကျန့်ကို ပိုချစ်ပေးပါ
သားအစားပေါ့..သူက ငယ်ငယ်လေးကတည်း
က မိဘမေတ္တာကို အပြည့်အဝမရခ့ဲတ့ဲသူလေ
သားချစ်တ့ဲသူကို ပါးနဲ့မားက ပိုချစ်ပေးနော်.."

မာမားကငိုနေတုန်းပဲ။ ပါပါးကတော့တဖက်ကို
မျက်နှာလွှဲနေတယ်။ ဆရာဝန်က ရိပေါ် ကိုယ့်
ကိုယ်ကို ဂရုမစိုက်မှာစိုးလ်ို့ဆိုပြီး..မာမားတို့ဆီ
ကို ဆေးစစ်ချက်အကြောင်း လှမ်းပြောခ့ဲတာမို့
သားအမိသားအဖ ၃ယောက် ခုလိုစကားပြော
ဖြစ်နေကြတာပေါ့။

မိဘဆိုတော့လည်း အစိုးရိမ်လွန်နေကြတာပါ။
အကောင်းကြီးရှိနေသေးတ့ဲ ရိပေါ်ကိုစိတ်ပူနေ
ကြရှာတယ်။

ရွှေလိုဥပြီးမွေးထားရတ့ဲတဦးတည်းသောသား
လေးက ဒီလိုကုမရတ့ဲရောဂါကြောင့် အသက်
အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်လို့ သိလိုက်ရ
တော့ ယူကျုံးမရ ဖြစ်တာလည်းမဆန်းပါဘူး။

ကြိုသိထားတ့ဲကိစ္စ ဖြစ်နေပေမယ်လို့..ဖြူလျော့
နေတ့ဲ ရိပေါ် ရဲ့မျက်နှာလေးကို ကြည့်မိတိုင်း
မချိတင်ကဲနဲ့ရယ်။

နှလုံးအစားထိုးဖို့ဆိုတာကလည်း ပြောရင်သာ
လွယ်တာ။ဘယ်ကိုသွားရှာရမှာတ့ဲလဲ။ ပိုက်ဆံ
ရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာ တကယ်လည်း
မှန်ပါတယ်။ ငွေပုံပေးရင် မသမာတ့ဲနည်းလမ်း
တွေနဲ့ ရအောင်လုပ်လို့ရပေမယ့်လည်းလေ..
ကိုယ်မသေချင်လို့ သူများအသက်ကို သတ်ပစ်
လောက်ရတ့ဲအထိတော့ မယုတ်မာနိုင်ပါဘူး။

လိပ်ပြာသန့်သန့်နဲ့ ရှင်သန်ချင်တယ်..ပြီးတော့
နောက်ဆံမတင်းရပဲ သေဆုံးသွားချင်တယ်။

" သား..ရှောင်ကျန့်ကိုမပြောထားဘူးလား.."

" မပြောဘူး..မာမားတို့လည်းမပြောနဲ့.."

Colorless (Uni+Zgyi) CompletedOnde histórias criam vida. Descubra agora