Part 17

3.1K 209 14
                                    

" ဝမ်ရိပေါ်.." " ရှောင်ပင်းကော.."

ရှောင်ကျန့်ရဲ့အံ့သြတကြီး အော်လိုက်တဲ့အသံ
နဲ့ ရှောင်ရန်ရဲ့စိတ်ရှုပ်တဲ့ခပ်တိုးတိုးအသံတို့က
တပြိုင်နက်တည်း ထွက်လာကြတယ်။

လေးယောက်သား လေယာဉ်ပေါ်တက်ခါနီးမှ
မျက်နှာချင်းဆိုင်တွေ့နေကြတာ။

" ဝမ်ရိပေါ်..မင်း ဘယ်သွားမလို့လဲ.."

" ငါလည်း ရှောင်ပင်းနဲ့ ခရီးထွက်မလို့လေ.."

" မင်း ငါ့နောက်ကိုလိုက်လာတာလား.."

" မဟုတ်ပါဘူး..ငါ့ဘာသာငါအနားယူချင်လို့ပါ
ရှောင်ပင်းကလည်း အားတယ်ဆိုတာနဲ့ ထွက်
လာခဲ့လိုက်တာလေ.."

ရှောင်ကျန့်က မျက်မှောင်ကြုတ်ထားရင်း မယုံ
သင်္ကာမျက်လုံးတွေနဲ့ ရှောင်ပင်းကိုတလှည့်..
ရိပေါ်ကိုတလှည့်ကြည့်နေတယ်။

ဘေးမှာမဆိုင်သလိုလေးရပ်နေရတဲ့ ရှောင်ရန်
ကတော့ သက်တောင့်သက်သာမဖြစ်တော့တဲ့
မျက်နှာနဲ့။

..................

ချစ်ခြင်းဆိုတာကလည်း ဖြစ်စေချင်သလို မဖြစ်
ကြပေမယ့်..Hotel အခန်းBooking လှမ်းလုပ်
တုန်းကတော့ ဘေးချင်းကပ်ရက်ကျအောင်လို့
မနည်းကြိုးစားလိုက်ရတယ်။

မြောင်းတောင်မဖောက်ရသေးခင် ရေစီးချင်နေ
တဲ့ကောင်လေးနဲ့ ပင်လယ်ဆီအတူတူသွားတဲ့
ရှောင်ကျန့်က အခန်းခွဲပြီး Booking ယူထားခဲ့
တယ်ဆိုတာ ရိပေါ် ယုံတောင်မယုံခဲ့မိဘူး။

ဒါဆို..ရှောင်ကျန့်က သူသဝန်တိုအောင်လို့များ
ဒီခရီးကို သက်သက်စီစဉ်ခဲ့လေသလားပေါ့။

အတွေးနဲ့တင် ကြည်နူးရပါတယ်။

ပင်လယ်ကမ်းခြေကိုရောက်တော့..ကင်မရာ
တလုံးနဲ့ ရိပေါ်တယောက် အလုပ်ရှုပ်နေကာ
ရှောင်ပင်းကိုတောင် ဂရုမစိုက်တော့ဘူး။

" ဟေ့ရောင်..ဝမ်ရိပေါ်..အဲ့ ကင်မရာကြီးနဲ့ပဲ
တနေကုန် ရှောင်ကျန့်ကို လိုက်ရိုက်နေတော့
မှာလား..ရေထဲမဆင်းတော့ဘူးလားဟ.."

" မဆင်းဘူး..ငါ ဖျားလို့မဖြစ်ဘူးလေ.."

" နေကွာ.."

Colorless (Uni+Zgyi) CompletedDonde viven las historias. Descúbrelo ahora