Part 2 (U)

5.4K 361 0
                                    

ဒီနေ့လည်း ထုံးစံအတိုင်း ကျောင်းကိုစောစော
ရောက်လာပြီး စာထိုင်ရေးနေတ့ဲ ရှောင်ကျန့်..

စာရေးနေတုန်း ကျိူးချန်ဆီက ဖုန်းဝင်လာတာနဲ့
ဘယ်သူမှမရှိ အခန်းထဲမှာ အသံတဆာဆာနဲ့
ဖုန်းပြောနေမိတာပေါ့။

ကျိူးချန်က သူ ပန်းချီဆွဲဖို့ပစ္စည်းတွေပို့လိုက်တ့ဲ
အကြောင်း..သတိရကြောင်း..ကျန်းမာအောင်
ဂရုစိုက်နေဖို့အကြောင်းတွေ ပြောနေတယ်။

ရှောင်ကျန့် မျက်နှာက အပြုံးပန်းတွေနဲ့ဝေလို့..

~ သူက ဒီလိုလှအောင်လည်း ပြုံးတတ်တာပဲ
လား..ပျော်နေမှန်းသိသာလိုက်တာ..အ့ဲကျိူးချန်
ဆိုတာကို ပါးစပ်ကမချဘူး..

ရိပေါ်တယောက် အခန်းအပြင်ကနေ ချောင်း
ကြည့်နေမိတယ်။ ရှောင်ကျန့် ဖုန်းပြောနေတာ
ကို တမင်ခိုးနားထောင်တာမဟုတ်ရပါဘူး။ သူ
အတန်းထဲဝင်မယ်လုပ်တော့ အထဲက ပျော်နေ
တ့ဲ ရှောင်ကျန့်အသံကိုကြားတာမို့ ဒီတိုင်းလေး
ရပ်စောင့်နေမိတာပါ။ ခုချိန် သူသာ အတန်းထဲ
ဝင်သွားရင် ရှောင်ကျန့် အပျော်တွေကို ဖျက်စီး
သလိုဖြစ်သွားမှာစိုးလို့ အခန်းအပြင်မှာ ရပ်နေ
မိရင်း တခါမှမမြင်ဖူးတ့ဲအပြုံးတွေကို မနေနိုင်ပဿဲ
ချောင်းကြည့်မိခ့ဲတာ။

ရှောင်ကျန့်ဖုန်းပြောနေတာကို အစအဆုံးကြား
လိုက်ရပြီး ဖုန်းချလိုက်တ့ဲအချိန်..ဝမ်းနည်းသွား
တ့ဲမျက်နှာလေးကိုလည်း တွေ့လိုက်ရတာပေါ့။

ဖုန်းပြောနေတုန်းက..တလက်လက်တောက်ပ
နေတ့ဲမျက်ဝန်းလေးတွေကလည်း မှုန်မှိုင်းသွား
ပြီး အပြုံးလေးတွေကလည်း ကွယ်ပျောက်ကုန်
တာကို ရိပေါ် သတိထားလိုက်မိတယ်။

~ ရှောင်ကျန့်ရေ..ရှောင်ကျန့်..မင်းဘယ်လိုဖြစ်
လို့ ဒီလောက်တောင် ဖြစ်ပျက်နေရတာလဲကွာ
ကျိုးချန်ဆိုတ့ဲကောင်က ဘာမို့လို့..မင်းအတွက်
အ့ဲလောက်အရေးပါနေရတာလဲ..

ဒါဟာ..ရှောင်ကျန့်ကို သူ သတိထားမိလိုက်တ့ဲ
အခိုက်အတန့်လေးပေါ့..

ရှောင်ကျန့် ပုံမှန်အတိုင်း စာပြန်ငုံ့ရေးနေတော့
မှ ရိပေါ် ဘာမှမကြားလိုက် မမြင်လိုက်လိုပုံနဲ့
အတန်းထဲဝင်သွားလိုက်တယ်။ နေရာမှာထိုင်
တ့ဲအထိ ရှောင်ကျန့်က သူ့ကိုမော့တောင်မော့
မကြည့်ဘူး။

Colorless (Uni+Zgyi) CompletedWhere stories live. Discover now