Part 22 (U)

3.8K 245 5
                                    

" ရိပေါ်..."

နာရီပေါင်းများစွာအိပ်စက်အနားယူလို့အပြီးမှာ
ရိပေါ် နိုးလာခ့ဲတယ်။ မျက်လုံးအဖွင့် ဝိုးတဝါး
အမြင်အာရုံထဲ ဝင်ရောက်လာတ့ဲ မှဲ့နက်လေး
တလက်လက်တောက်ပနေတ့ဲ မျှော်လင့်ချက်
ရောင်ခြည်ဦးလေး။

~ ကျန့်ကျန့်လား..

" ရိပေါ်..နိုးလာပြီလား.."

" ကျန့်ကျန့်.."

" ပါး...မား...ရိပေါ် နိုးလာပြီ.."

သူ့အပျော်တွေလှုပ်ခတ်သွားပုံများ..ဒီလူ့ရင်ထဲ
ထိတောင် ကူးစက်လာပါရဲ့
အသစ်စက်စက် နှလုံးသားက တလှပ်လှပ်ခုန်
လို့။

ကျွန်တော့်မြတ်နိုးရာလေး..သူက မသေသေး
တ့ဲ ကျွန်တော့်ဘေးမှာတ့ဲလေ။

.................

ဆေးရုံမှာနေရတ့ဲနေ့တွေမှာ ရှောင်ကျန့်က သူ့
အနားက လုံးဝမခွာပဲ ပြုစုစောင့်ရှောက်ပေးနေ
တာမို့..ရိပေါ် နေမကောင်းဖြစ်ရတာကိုတောင်
သဘောကျနေမိသလိုပဲ။

ထမင်းစားတာ..ရေပတ်တိုက်တာ..ဆေးတိုက်
တာကအစ..လိုလေသေးမရှိ အကုန် လုပ်ပေး
နေလေတော့..တခါတလေအားနာရတ့ဲအထိ။

နေ့တိုင်း သူ့နှလုံးခုန်သံကို နားနဲ့ကပ်ကာ နား
ထောင်တတ်တ့ဲ ရှောင်ကျန့်ပုံစံလေးက ရိပေါ်
ရဲ့ ရင်ခုန်နှုန်းတွေမြန်အောင် ပြုစားနေပြန်တာ
ပေါ့။ အရင်ကတော့ ရင်ခုန်ရမှာကိုကြောက်ခ့ဲ
ရပေမယ့် အခုတော့..သန်မာနေတ့ဲနှလုံးသား
လေးရဲ့ကျေးဇူးကြောင့် ရင်ခုန်သံတွေ မြန်နိုင်
နေပြီလေ။

~ ကျေးဇူးတင်ပါတယ်..လန့်ကျန့်..ကျွန်တော့်
အတွက် အသက်တချောင်းလဲပေးခ့ဲလို့..
ဒီလူသားလေးကိုဆက်ချစ်ခွင့်ပေးခ့ဲတ့ဲအတွက်
တကယ်ကျေးဇူးတင်ပါတယ်..

" ရိပေါ်.."

" အင်း.."

" ဘာတွေစဉ်းစားနေတာလဲ.."

" အင်း..ဒီတိုင်းပါ..ဘာရယ်မဟုတ်ပါဘူး.."

ကျွန်တော့်ငွေလမင်းလေးက တခုခုပြောချင်တ့ဲ
ပုံပဲ..ဘေးမှာလာကပ်ထိုင်ပြီး..

" ဟို..ရိပေါ်..ငါ မင်းကိုပြောစရာရှိတယ်.."

" အင်း..ဘာပြောမလို့လဲ.."

Colorless (Uni+Zgyi) CompletedTempat cerita menjadi hidup. Temukan sekarang