Ep..1
13.8K 504 7
တစ်နေ့သောမနက်ခင်းအချိန်အခါမှာ
"အူဝဲ...အူဝဲ"
ကလေးငယ်တစ်ယောက်ရဲ့အော်ငိုသံနှင့်အတူ
"ဟင့် အဟင့်....ဘယ်လိုမှမတတ်သာလို့ပါသားရယ်အမေ့ကိုခွင့်လွှတ်ပါသားရယ် တစ်နေ့ကျရင်အမေသားကိုပြန်လာခေါ်ပါ့မယ်နော် သားလေးအမေ့ကိုစောင့်နေပေးနော်"လို့ပြောကာကလေးငယ်အားဂေ ဟာတစ်ခုရဲ့တံခါးဝရှေ့တွင်ထားခဲ့လေသည်။
အဲ့ဒီ့ကလေးကတစ့်ခြားသူမဟုတ်ပေ။
ကျွန်တော်ပင်။ ဟုတ်ပါတယ်။ကျွန်တော့ကိုအမေစွန့်ပစ်သွားတာအခုဆိုရင်ကျွန်တော်အသက်၂၀ရှိပြီ။ကျွန်တော့ကိုဂေ ဟာရှေ့ကကောက်ရတာလို့ဂေဟါမှူးဆရာမဒေါ်သီတာကပြောတယ်။ကျွန်တော့ကိုဘာကြောင့်မိဘတွေစွန့်ပစ်ခဲ့လဲကျွန်တော်မသိချင်ဘူး။ဘယ်တော့ပြန်လာခေါ်မလဲပဲသိချင်တယ်။
"သား မြင့်မြတ်"တစ်ခြားသူမဟုတ် ကျွန်တော့ရဲ့အမေတမျှချစ်ရတဲ့ဆရာမဒေါ်သီတာပင်
"ဗ်ာ ဆရာမ"
"မနက်ဖြန် တာဝန်ကျတဲ့နေရာကိုသွားရမှာဆို"
"ဟုတ်ကဲ့ "
"ငါ့သားလေးတောင်ဒီအရွယ်ရောက်လာပြီပဲ။ အစစအရာရာဂရုစိုက်နော်သား။တစ်ခုခုဖြစ်တာနဲ့ဖုန်းဆက်လိုက်နော်"
"စိတ်ချဘာဆရာမရယ်။သားအစစအရာရာဂရုစိုက်ပါ့မယ်။ဘာမှစိတ်မပူနဲ့နော်။သားက ကလေးမှမဟုတ်တော့တာ။"
"ကလေးမဟုတ်လို့စိတ်မချတာပေါ့သားရဲ့။ဟိုရောက်လို့ရှိရင်မကောင်းတဲ့"ဒေါ်သီတာ စကားပင်မဆုံးလိုက်
"မကောငျးတဲ့သူတှနေဲ့မပေါငျိးရဘူး။အရကျသစောမသောကျစားရဘူး။ရနျမဖွဈရဘူး။လိမျလိမျမာမာနေ။လို့ပွောမှာမလား။ စိတ္ခ်ပါဆရာမ။ သားအကုန်လုံးကိုလိုက်နာပါ့မယ်။ဟုတ်ပြီလား။"
အဲ့တော့မှဆရာမမျက်နှာကကျေနပ်သွားတဲ့ပုံစံဖြစ်သွားတယ်။
"ကောင်းပါပြီကွယ်။သားလဲပင်ဆင်စရာရှိတာတွေပြင်ဆင်တော့လေနော်။ဘာတေကျန်သေးလဲသေချာစစ်ဦး။ကြားလား"
"ဟုတ်ကဲ့"
"အေးအေးဒါဆိုဆရာမသွားဦးမယ်။"
"ဟုတ်ကဲ့"
အဲ့ဒါကျွန်တော့်ရဲ့ဆရာမပင်။ကျွန်တော့ကိုဆိုကလေးတစ်ယောက်လိုအမြဲသွန်သင်ဆုံးမတတ်သူပင်။အဖေရောအမေပါမရှိတဲ့ကျွန်တော်တို့အတွက်ဆရာမကအဖေလိုမျိုးအားကိုးရသလိုအမေလိုမျိုးလည်းကျွန်တော်တို့အပေါ်ဂရုစိုက်ကြင်နာပေးသူပင်။ကျွန်တော်တို့ဆိုမှသတိရတယ်။ ဖိုးကောင်းလေးရောမသိဘူး။ ဖိုးကောင်းဆိုတာကတော့ကျွန်တော်ရဲ့ညီလေးလို့ချစ်ရသောကလေးလေးပင်ဖြစ်သည်။ မှတ်မိသေးတယ်သူရောက်လာတုန်းက အငိုမတိတ်လို့ဆရာမက ကျွန်တော့လက်ပေါ်တင်ပေးလိုက်တည အဲ့ကလေးကချက်ချင်းအငိုတိတ်သွားတာပင်။အခုလည်းကျွန်တော်အလုပ်သွားရမည်ကိုထိုကလေးသိသည်။
"ဖိုးကောင်းရေ ဖိုးကောင်း ဘယ်ရောက်နေလဲ"
မဟုတ်သေးပါဘူးတစ်မနက်လုံးရှာလို့မတွေ့ဘူး ဘာဖြစ်နေလို့များလဲ။
ဟောတွေ့ပါပြီဟိုမှာ။ခရေပင်ကြီးအောက်မှာငုတ်တုတ်လေး။
"ဖိုးကောင်းလေးဘာတွေလုပ်နေတာလဲ"
ဟင် ဘာမှလဲပြန်မပြောပါလား။
သေချာကြည့်တော့မှဖိုးကောင်းကငိုနေတာပင်။
"ဖိုးကောင်း ဘာဖြစ်လို့လဲ ဘာဖြစ်လို့ငိုနေတာလဲဟင်"