Ep.2 uni
7.5K 379 5
"ဟေ့ကောင်လေး "
ကျွန်တော်လည်းအရှေ့မှာရပ်ကြောင်ကြောင်တောင်ရပ်နေတဲ့ကောင်လေးကိုခေါ်လ်ုက်တယ်။ဒါတောင်ဒင်းကဘာပြောတယ်ထင်လဲ။
"ကျွန်တော့်ကိုဘာမှမလုပ်ပါနဲ့နော်။ကျွန်တော်တောင်း..တောင်းပန်ပါတယ် ။ကျွန်တော့ကိုဘာမှမလုပ်ပါနဲ့နော်။"
ဘယ်လိုကောင်လေးလဲဟ။အသားလွတ်ကြီးငါ့ကိုကြောက်နေတာပဲ။
"ငါကမင်းကိုဘာလုပ်မှာလို့လဲ။"
"ခင်ဗျားကိုကျွန်တော်ကားပေါ်မှာနှိုးလို့မကျေမနပ်ဖြစ်နေတာမလား"
"မဟုတ်ပါဘူးကွ"
"ဒါဆိုဘာလို့ကျွန်တော့နောက်လိုက်လာတာလဲ"
"မင်းကငါ့မြင်တာနဲ့ပြေးနေတာကိုအခုပဲကြည့်လေငါမကယ်ရင် မင်းကားတိုက်ပြီးသေနေလောက်ပြီ။ငါ့ကိုအဲ့လောက်တောင်ကြောက်နေတာလား"
"ကြောက်တာပေါ့ ခင်ဗျားပုံကိုလဲကြည့်ဦးလေ။လူသတ်သမားရုပ်နဲ့"
ဘာပြောတယ်။မင်းကများငါ့ကို။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးငါ့လိုလူကိုပြောရသေးတယ်။မကျေနပ်လို့ဖုန်းကင်မရာနဲ့ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တဲ့အခါ။
ဟုတ်တာပဲ။ငါ့ရုပ်ကအမွေးပေါင်းသောင်းခြောက်ထောင်နဲ့ဖြစ်နေတာကို။အဲ့တော့ဟိုကကြောက်ပြီပေါ့။
"ဘယ်လိုလဲကျွန်တော်ပြောတာမှန်တယ်မလား"
သူ့ကိုယ်သူမှန်ထဲပြန်ကြည့်နေသေးတယ်။ဘာမှကြည့်မနေနဲ့ခင်ဗျားကလူသတ်သမားရုပ် သူပုန်ရုပ်ကနေပြောင်းသွားမှာမဟုတ်ဘူး။
"ထားလိုက်ပါတော့။မင်းကဘယ်သွားမို့လဲ။ကြည့်ရတာတော့ဒီနယ်ကမဟုတ်ဘူးထင်တယ်။"
"ဟုတ်တယ်။ကျွန်တော်ကဒီကမဟုတ်ဘူး။အလုပ်ကိစ္စနဲ့ဒီကိုရောက်လာတာ။ဒီတပ်ရင်းကိုသွားရမှာ"
ကျွန်တော်လဲပါလာတဲ့တပ်ရဲ့လိပ်စာကိုပြလိုက်တယ်။သူ့ကြည့်ရတာဒီနယ်သားနဲ့ထင်တယ်ပြတဲ့လိပ်စာကိုကြည့်ပြီးသိလို့ထင်တယ်ခေါင်းတညိမ့်ညိမ့်နဲ့။
လတ်စသတ်တော့ဒီကောင်လေးကငါ့တပ်ရင်းကကျောင်းမှာတာဝန်ကျတဲ့သူပဲ။လမ်းကြုံနေတာပဲ။တစ်ခါတည်းခေါ်သွားပေးလိုက်ပါ့မယ်။အထုတ်တွေဆွဲသွားမယ်လို့ဟန်ပြင်ချိန်။
ဘာလဲ။သူကငါ့အိတ်တွေကိုယူသွားမလို့လား။
"ခင်ဗျားဘာလုပ်တာလဲ။ကျွန်တော့်အိတ်ထဲမှာတန်ဖိုးကြီးပစ္စည်းရယ်လို့ဘာမှမပါပါဘူး။ခင်ဗျားဓားပြတိုက်ချင်ရင်လည်းတခြားချမ်းသာတဲ့သူတွေပဲတိုက်ပါလားဗျာ။"