"ဦး....ထတော့..လေ....ထ..ထ..နောက်ကျနေပြီ အလုပ်သွားရဦးမယ်လေ...."
"အင်း အင်းထပြီ...အမယ် ကလေးက စောစောစီးစီးအိပ်ရာထလို့ပါလား....."
"ဦးနဲ့ရုံးလိုက်မလို့လေ......."
"တကယ်လား....."
ဦးက ဝမ်းသာမျက်လုံးလေးနဲ့....
"တကယ်ပေါ့ ဦး..ရဲ့ ထ...သား ရေချိုးဖို့်အကုန်ပြင်ပေးထားပြီးပြီ....."
"ဟုတ်ပါပြီဗျာ......."'
ခဏကြာတော့ဦးနဲ့ကျနော်ရုံးအတူတူသွားကြတယ်....
သွားတဲ့လမ်းမှာ......
"ဟင် ဦး...ဟိုမှာဦးရဲ့အမ မလား.
....""ဘယ်မှာလဲ ကလေး"
"ဟိုမှာလေ...သူ့ရှေ့မှာလဲမိန်းမတစ်ယောက်ကလေးတစ်ယောက်နဲ့...ဘာတွေပြောနေတာလဲမသိဘူး.......""ဟင်...ဒါဆို ညီငယ်သိပြီးပြီလား မမပြန်ရောက်နေတာကို....."
ထိုစဥ် စစ်သွေးရဲ့ဖုန်းလေးမှာတုန်ခါလာလေသည်။"ဟယ်လိုညီငယ်....."
"ကိုစစ် အိမ်ကိုခဏလောက်လာခဲ့ပါ....ကျနော်အကူအညီလေးတောင်းစရာရှိလို့.....""အင်း ကိုယ် လာခဲ့မယ်....."
"ဦး...ဘာတဲ့လဲ..."
"အော်...ကလေးရဲ့ယောက်ဖတော်အိမ်ကိုလာခဲ့ဦးတဲ့....""ဟင်..ဒါဆို သားကမနက်စာဘာစားရမှာလဲ...."
"ဟား..ဟားး...ကလေးကလည်းကွာ....မြင့်မြတ်တို့အိမ်ရောက်ရင်သားကြိုက်တာစား....."
"ဟင် ကောင်းပါ့မလား......"
"ကောင်းတယ်......"
"အာ့ဆိုလည်းပြီးတာပဲ....."........................
ခဏကြာတော့ မြင့်မြတ်တို့အိမ်ရှေ့ကားတစ်စီရောက်လာသည်။"ကိုစစ် ရောက်လာပြီလား....."
"ဟုတ်တယ်ညီရေ ညီငယ်ဖုန်းဆက်တော့ကိုယ်ကလမ်းပေါ်မှာလေ အဲ့ဒါကြောင့် မြန်မြန်ရောက်လာတာ ကလေး...လာလေ...ညီငယ်...ဒါကိုယ့်ရဲ့အချစ်ဆုံးလေးပေါ့.....""ဟီး....ဟုတ်...သားနာမည်က မင်းသန့်မောင်လို့ခေါ်ပါတယ်......"
"ကဲ ကိုစစ်ရယ် သိပြီးသားတွေကို...လာ အိမ်ထဲဝင်လေ....."
.....
"လာ....မင်းသန့် ကိုယ်အိမ်လိုသဘောထားနော်.....ကိုစစ် ကျနော် ပြောစရာရှိလို့......"
CZYTASZ