Episode 20...uni+zawgyi
4.8K 230 13
"အား...ကျွတ်စ် ကျွတ်စ်!..ခေါင်းတွေကိုက်လိုက်တာ..."
မနေ့ကတုန်းက စိတ်ညစ်ညစ်နဲ့ သောက်လိုက်တာ အတော်မူးသွားတယ်။ဒါနဲ့ ငါ့ကိုညကဘယ်သူလိုက်ပို့တာလဲ။ စဥ်းစားရင်းခေါင်းထဲတဖြည်းဖြည်းဝင်လာမိသည်က
#ဦး...အဲ့လိုမလုပ်ပါနဲ့.....#
ဟာ...ကလေး.....
သတိရတာနဲ့..ကလေးတို့အိမ်ကိုချက်ချင်းသွားဖို့ပြင်လိုက်တယ်....
"တီးတောင်!....!!!!!!!!!"
လူခေါ်ဘဲလ်ကိုအဆက်မပြတ်နှိပ်နေမိသည်။အဲ့ဒီနောက်ကလေးကိုယ်တိုင်ထွက်လာသည်ကိုတွေ့ရတော့ပျော်သွားသည်။
"ကလေး..."
"ခင်ဗျားဘာလာလုပ်တာလဲ....ခင်ဗျားနဲ့တွေ့စရာအကြောင်းမရှိဘူးထင်တယ်"
"ကလေးရယ်....ကိုယ်ရှင်းပြပါမယ်နော် ကိုယ့်ကိုတံခါးလေးဖွင့်ပေးပါနော်။...."
"မေမေက သူစိမ်းတွေကိုအထဲပေးမဝင်ရဘူးတဲ့...အထူးသဖြင့်ခင်ဗျားလိုအခွင့်ရေးရရင်ရသလောက်ယူချင်တဲ့သူတွေကိုပေါ့။ ကျနော့်ကိုသွားခွင့်ပြုပါဦး...."
"ကလေး...ကလေးတံခါးမဖွင့်မချင်းကိုယ်ဒီမှာရပ်နေမှာ..."
"အဲ့ဒါကတော့ ခင်ဗျားသဘောပဲ...."
..
နေကတဖြည်းဖြည်းပူလာသည်။ ခင်ဗျားအခုထိဘာလို့မပြန်သေးတာလဲ။ အကျီကလည်းမနေ့ကတည်းကအကျီပဲ။ ခင်ဗျားနဲ့တော့ရူးချင်တာပဲဦးရယ်......
.......
"ဟယ် သား..စစ်သွေး...အဲ့...သောက်ထားတာလား..."
"အဟဲ...အားတော့နာပါတယ်အန်တီရယ်....ဟီးး..."
"ထားပါတော့..ဒါနဲ့ဘာလို့အိမ်ထဲ မဝင်တာလဲ အထဲမှာသားလေးရှိတယ်လေကွယ်...".
"သူ မဝင်ခိုင်းလို့ပါ...."
"အယ် ဟုတ်လား ဒီကောင်လေးကတော့လေ လူကြီးကိုနေပူထဲမှာကွယ်...လာလာ.. "
"ဟုတ်ကဲ့..."
....................
"မင်းသန့်မောင်!......"
"ဗျာ မေမေ သားဒီမှာစာကျက်နေတယ်မေမေ...."
"အေး အဲ့ဒါကိုခဏထား လာဦး...."
"ဟင် ခင်ဗျားကိုဘယ်သူကအထဲပေးဝင်လို့လဲ..."
"ဟဲ့ ဘယ်လိုပြောလိုက်တာလဲ လူကြီးကို အဲ့လိုမပြောရဘူးလေ....မောင်စစ်သွေးကြည့်ရတာမနက်စာမရသေးဘူးမလား တစ်ခါတည်းစားသွားနော်...."