Episode 11 unicode
3.3K 164 2
"သား လက်မခံနိုင်ဘူးမေမေ အခုကိစ္စကို အရင် သူနဲ့ရင်းရင်းနှီးနှီးနေပေးတာကလည်း မေမေတို့ကိုစိတ်ချမ်းသားစေချင်လို့ပါ"
"အေးလေ အခုကိစ္စကိုလက်ခံပေးတာကလည်းမေမေတို့ကိုစိတ်ချမ်းသာအောင်ထားတာပဲလေ"
"ဒါပေမယ့်အမေရယ် အခုဟာက သားရဲ့တစ်ဘဝလုံးနဲ့သတ်ဆိုင်တယ်လေ။သားဘဝတစ်ခုလုံးကိုသားမချစ်တဲ့သူနဲ့ဖြတ်သန်းရမှာလား"
"ဒါဆို မင်းမှာအခုချစ်သူရှိလားသား..."
"ဗျာ.. ရှိတယ်အမေ။ရှိတယ်။သားသူ့ကိုအမေတို့နဲ့ကျိန်းသေမိတ်ဆက်ပေးမယ်။တစ်ခုပဲ သူဟာဘယ်လိုလူမျိုးပဲဖစ်ဖြစ် အမေတို့ဘက်ကလက်ခံပေးရမယ်။သူနဲ့ပဲသားဘဝတစ်လျှောက်လုံးဖြတ်သန်းမှာ။မေမေပြောမှာဒါပဲမလား။သားပြန်တော့မယ်။"
"အို...သားရယ် ညလည်းမိုးချုပ်နေပြီအိမ်မှာပဲအိပ်သွားလိုက်ပါတော့ကွယ်"
အမေပြောတာလည်းဟုတ်သည်။အိမ်မှာမနေတာလည်းအတော်ကြာပြီမို့
"အဲ့တညဆိုလည်း သားဖုန်းခဏဆက်လိုက်ဦးမယ်နော်အမေ"
"အေးအေး"
...........................
လွန်ခဲ့သောနာရီပိုင်အချိန်က........
"အန်တီ"
"အယ် သမီးလေးရတနာပါလား။ဘာကိစ္စရှိလို့လည်းကွယ်။ဒီအချိန်ကြီး"
"အရေးကြီးတဲ့ကိစ္စကြောင့်ပါ"
"အရေးကြီးတဲ့ကိစ္စဟုတ်လား ပြောပါဦးကွယ့်ဘာများအရေးကြီးလို့လဲ"
"ကိုကို့အကြောင်းပါ"
"ဟင် သားကြီးဟုတ်လား သားကြီးကဘာဖြစ်လို့လဲ".
"အန်တီနားထောင်ကြည့်လိုက်ပါ"
ရတနာ လက်ထဲရှိဟန်ဖူန်းကိုဖွင့်လိုက်တယ်။ပြီးတော့recordယူထားတဲ့အသံဖိုင်တစ်ခုကိုဖွင့်ပြလိုက်တယ်။အကြောင်းကတော့ လရောင်သူ့ကိူပြောသမျှစကားအားလုံးကိုအသံသွင်းထားတာပင်။
"ဟင် သားကြီးက အဲ့လိုလူမျိုးမဖြစ်လောက်ပါဘူးသမီးရယ်"
"ဒါဆိုရင် သမီးကဒီအသံဖိူင်ကိုအတုလုပ်လာတာလိူ့အန်တီကထင်နေတာလား"
"အဲ့လိုပြောတာလည်းမဟုတ်ပါဘူးကွယ်။ဒါပေမယ့်မယုံနိုင်သေးလို့ပါ"
"သမီးကတော့လုံးဝလက်မလျှော့နိုင်ဘူးနော်။နောက်ပြီး အန်တီတို့လည်းစဥ်းစားပေါ့။ကိုယ့်ရဲ့သားကယောကျာ်းချင်းကြိုက်နေတယ်ဆိုတာအန်တီတို့အသိုင်းအဝိုင်းကသိသွားကြည့်ပါလား။ဟင်းဟင်း....သမီးကိုသွားခွင့်ပြာပါဦး"