S.2..Ep..7
1.4K 92 13
"Morning! ကိုကို နိုးပြီလား...လာအဲဲ့ဒါဆိုအောက်မှာမနက်စာ သွားစားမယ်....."
မြင့်မြတ် မျက်လုံးဖွင့်စပဲရှိသေး....သားငယ်ရဲ့အသံကြောင့်
"ဒါနဲ့...ဟို...."
"ဦးလရောင်လား...အောက်မှာရှိတယ်....အမလေး...ကိုကိုတို့များ...ပြောတော့လည်းစိတ်ဆိုးတယ်လေးဘာလေးနဲ့မျက်စိနှစ်လုံးဖွင့်တာနဲ့သူ့ယောကျာ်းကိုတမ်းတနေတယ်...ဟွန့်ပြောကိုမပြောချင်ဘူး......"
"ဟဲ..ဟဲ..အဲ့လိုမဟုတ်ပါဘူးသားငယ်ရ...အကျင့်ဖြစ်နေလို့ပါ...."
"အကျင့်ဖြစ်နေတာအသာထား.....လာ...အောက်ကို...."
"အွန်းအွန်း...."
ထမင်းစားဝိုင်းကိုရောက်တော့...ကိုစစ်နဲ့ကိုလရောင်တို့နှစ်ယောက်မှာအပြစ်သားတွေပမာမျက်လွှာအောက်ချလျက်....
"ဟိုလူကြီး...သားဒီနေ့အပြင်သွားမယ်...အဲ့ဒါလိုက်ပို့......"
"ဟင်...အာ..ဒါပေါ့ကလေးရ...ကိုယ်လိုက်ပို့မှာပေါ့...လာလာကလေးလာ..ကိုယ့်နားကိုလာထိုင်...ကိုယ့်ကလေးလေးဗိုက်ဆာနေရောပေါ့.ဟီး..."
"အပိုတွေလုပ်မနေနဲ့...ပုံမှန်အတိုင်ဆက်ဆံ....ငြိမ်ငြိမ်နေ..."
"ပေါက်စ...လာလေ....ကိုယ့်ကိုစိတ်ဆိုးနေတုန်းပဲလား....."
"အမယ်...ဦးလရောင်..ကိုကိုကလေ...အပိုတွေလုပ်နေတာသိလား....မစွတ်ခင်ကတည်းကညွတ်ချင်နေတာ...."
ထိုစဥ်စစ်သွေးမှ
"ကိုယ်လည်းစွတ်ချင်လိုက်တာ....."
"ဦးကောင်းစစ်သွေး...ခင်ဗျားဘယ်လိုဖြစ်နေတာလဲ...လူတွေရှိနေတယ်လေ...မရှက်ဘူးလား.....ကိုကို အပြင်သွားရင်လိုက်ခဲ့ရမယ်နော်...."
"ဟို...."
"ဟိုတွေဘာတွေလုပ်မနေနဲ့လိုက်ခဲ့....."
ကိုလရောင်ကိုမြင့်မြတ်ကကြည့်တော့
"ကိုယ်လည်းဒီနေ့ အချစ်ကိုအပြင်လိုက်ပို့ပေးမယ်...."
"ဖွီး!....."
အခြားမဟုတ်...လရောင်က အချစ်လို့ခေါ်လိုက်သည်ကို စစ်သွေး ကော်ဖီသောက်ရင်းသီးသွားတာပင်....
"မင်းကလည်းကွာ...ပုံမှန်ခေါ်နေကျပဲခေါ်ပါဟ...နားကလောလိုက်တာ....."