Episode 9 unicode
3.9K 195 1
"ပေါက်စ ကိုယ်မေးနေတယ်လေ သူကဘယ်သူလဲလို့"
"Aww သူ့နာမည်က ကိုကောင်းစစ်သွေးတဲ့လူကြီးရ။မနေ့ကမှသူနဲ့စသိတာ"
"မနေ့ကမှသိတဲ့သူက ဒီအထိလိုက်လာတယ်ဆိုတော့"
"အာ..လူကြီးကလည်းကျနော်လည်းဘယ်သိမလဲ"
"ချာတိတ် စျေးသွားမို့ထင်တယ်"
"ဟုတ်ပါတယ်။ကိုစစ်ကရော"
"ကိုယ်ကဒီတိုင်းလမ်းကြုံလို့ဝင်လာတာပါ။ဒါနဲ့ဒီက..."
"ငါက ပေါက်စရဲ့ချစ်သူ လရောင်ထွန်းလိူ့ခေါ်တယ်"
"Aww...."
ချာတိတ် မင်းက ပိုင်ရှင်ရှိနေပြီးသားလား။ရယ်ရသားပဲ ဇာတ်လမ်းက စတောင်မစရသေးဘဲဇာတ်သိမ်းသွားတာမျိုးပေါ့။
"ပေါက်စ သွားမယ်လေ"
"အင်..ဟုတ် သွားမယ်လေ။ ကိုစစ်ကျနော်တို့သွားတော့မယ်နော်Bye"
ဆိုင်ကယ်မောင်းလာတဲ့တစ်လျှောက် ပေါက်စကိုစကားတစ်ခွန်းမပြော။ဟုတ်တယ်လေ ဘယ်ကကောင်မှန်းမသိဘယ်လိုခင်လာမှန်းမသိ။ပေါက်စကိုများချာတိတ်တဲ့။ပြီးတော့ပေါက်စ ကလည်း ကိုစစ် ကိုစစ်နဲ့။မဖြစ်သေးပါဘူး။အချိန်မီပြောထားရမယ်။
လူကြီးကရုတ်တရပ်ဆိုင်ကယ်ကိုလမ်းဘေးရပ်လိုက်တာကြောင်ကျနော်ကြောင်သွားတယ်။ဘာလို့လဲမသိ။
"ပေါက်စ လာဦး ကိုယ်ပြောစရာရှိတယ်။"
"ပြောလေ လူကြီး ဘာပြောမလို့လဲ "
"ခုနကကောင်နဲ့ထပ်ပြီးမပတ်သက်နဲ့တော့။ကိုယ်မကြိုက်ဘူး။"
"ဘာဖြစ်လို့လဲ လူကြီးရ ကိုစစ်ကခင်ဖို့ကောင်းပါတယ်။"
တွေ့လား အခုကတည်းပေါက်စကဟိုကောင်ဘက်ကိုပါနေတာ။
"ဘာဖြစ်လို့လဲ မမေးနဲ့ ကိုယ်က မပတ်သက်နဲ့ဆိုမပတ်သက်နဲ့"
"ဟာ..အဲ့ဒါလူကြီးသက်သက်မတရားတာ။ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ဘာလို့ မပတ်သက်ရမှာလဲ"
"အဲ့တော့ ပေါက်စက ထပ်ပြီးပတ်သက်မယ်ဆိုလိုတာလား"
"ဟုတ်တယ်"
"ပေါက်စ.. ကိုယ့်ဒေါသကိုမဆွနဲ့".
"ဘယ်မှာဆွနေလို့လဲကိုယ့်ဘာသာကို ဒေါသထွက်နေပြီးတော့"
"အေးပြီးရော  မင်းဘာမင်းအဲ့အကောင်နဲ့ပဲနေ ငါနဲ့လာမပတ်သက်နဲ့"
"ဟာ...."
ဘာကြီးလဲဟ။ဘာမဟုတ်တဲ့အကြောင်းအရာတစ်ခုကိုစိတ်ထဲထည့်လို့။မဖြစ်သေး။ငါ့ဘက်ကနည်းနည်းလျော့လိုက်မယ်။အဲဒါခင်ဗျားကိုချစ်လွန်းလို့နော်လူကြီး။
"လူကြီးရေ......."
မထူး။ဟိုဘက်လှည့်ကာသစ်ပင်တွေကိုငေးကြည့်နေတဲ့လူကြီး။
"လူကြီးလို့ ကျနေယ်ခေါ်နေတယ်လေ။မထူးတော့ဘူးလား"
"ဘာလဲပြော.."
"ဟီးး လူကြီးကလည်းကျနော်ကစတဲ့ဟာကို ဘာဖြစ်သွားတာလဲ။လူကြီးမကြိုက်ရင်နောက်မပတ်သက်တော့ဘူးနော်..နော်..နော်လို့"
နှုတ်ခမ်းလေးကိုဆူကာကလေးတစ်ယောက်လိုလာချွဲနေမှတော့ဒီကောင်ကြီးကဘယ်လိုလုပ်ခံနိုင်ရည်ရှိတော့မှာလဲ။ပေါက်စတစ်ယောက်နဲ့တော့ခက်ပြီ။
"တကယ်လို့လူကြီးမကျေနပ်သေးရင် ကျနော်ချော့မယ်လေ"
သူကများ ချော့ဦးမယ်တဲ့။ဘယ်လိုချော့မလဲကည်ပြာဦးမယ်။ရုတ်တရတ်
"အင့်".
သူ့နှုတ်ခမ်းလေးနဲ့ကျနော့်အားလာနမ်းခြင်းပင်။ပေါက်စ မင်းအဲ့လို့မချော့သင့်ဘူး။ဘာလို့လဲဆိုတော့ ကိုယ်ကထပ်တောင်းတနေမိလို့ပဲ
"ကျေနပ်ပြီလား။ဟင်လို့ ဟင်..."
ဒီတစ်ခါကျနော်ဘက်ကနမ်းလိုက်တာပါပင်။
"အွန့် အင့်..လူ..လူကြီး.. လွှတ်ဦး။ဘယ်လိုဖြစ်နေတာလဲ။လမ်းမကြီးထဲမှာ။မရှက်ဘူးလား"
"ဟောဗျာ ဘယ်သူက အရင်စနမ်းတာလဲပြော"
"ကျနော် နမ်းတာက ခဏလေး။လူကြီးကအကြာကြီး။"
"ဒါပဲ နောက်တစ်ခါအဲ့ကောင်နဲ့မပတ်သတ်နဲ့တော့။"
"အင်းပါ လူကြီးရ"
"ကောင်းပြီ သွားမယ်တက်.."
ဆိုင်ကယ်ပေါက်အရောက်
"ခါးကိုသေချာဖတ်ထား..... "
"ဟုတ်ကဲ့ပါခင်ဗျ"
..................
"ပေါက်စရေ..ကိုယ်တို့ဒီနေ့လေ့ကျင့်ရေဆင်းရမှာ။အဲ့ဒါကိုယ်သွားလိုက်ဦးမယ်နော်"
"အင်းပါ လူကြီး နေ့လည်ထမင်းပြန်စားဖို့မမေ့နဲ့နော် စောင့်နေမယ်"
"ဟုတ်ပါပြီးဗျာ အော် ဒါနဲ့ပေါက်စ "
"ဘာလဲ ပြောလေ လူကြီး"
"ဟင်းတွေကိုဟိုတစ်ခါလိုမငန်စေနဲ့နော်"
"အမ် အဲ့တုန်းက ငန်လို့လား"
"နည်းနည်းပါ"
"အင်းပါ စိတ်ချ မငန်စေရဘူး"
"အာ့ဆိုကိုယ်သွားတော့မယ် အာဘွား မွ"
"မွ ဘိုင်ဘိုင်"
....
သူသွားပြီဆိုတော့ ဟင်းစချက်ဖို့စတင်ရမယ်။ဟိုတစ်ခါကလိုမသးငန်အောင်းအငန်လျှော့ထည့်ရမယ်။ဒါဆိုလူကြီးလျှာလည်သွားစေရမယ်။
...................
..................