အိပ်ရာအထက်ကစောင်ပုံထဲမှာနစ်မြုပ်နေတဲ့ကိုယ့်ရဲ့ကလေးလေး.....
ညကတော်တော်ချော့လိုက်ရသည်.....
ရှေ့လျှောက်ကလေးရှေ့မှာအနေအထိုင်ဆင်ခြင်ရပေ
မည်...မဟုတ်ရင် အချိန်မရွေးနေရာမရွေး
သောင်းကျန်းတတ်တဲ့ ကလေးကြောင့် မလွယ်.....
"ကလေး......ထတော့လေ.... နေမြင့် နေ
ပြီ...တော်ကြာ ကလေးခေါင်းတွေကိုက်နေလိမ့်
ထတော့နော်........"
"မထဘူး! ဘာဖြစ်ချင်ဲလဲ ပြော..ဟွန့်....."
တကယ့်ကလေးပါကွာ...စိတ်ကောက်နေတာက
အသည်းယားစရာလေး........
"ကိုယ် ကလေးကြိုက်တဲ့.....ရှမ်းခေါက်ဆွဲ..ရယ်...ကြေးအိုးရယ်.....နောက်ပြီး....မုန့်ဟင်းခါးရော.....အကုန်ဝယ်ထားတယ်..သိလား....အဲ့တာကြောင့် ထတော့နော်......"
စောင်အောက်ကနေ မျက်နှာလေးဖော်ပြီးကြည့်နေတဲ့ ကလေးပေါက်စ.......
"တကယ်ဝယ်ထားတာလား....."
"တကယ်ပေါ့ ကလေးရ...လာ ထ ကိုယ်ချီသွားမယ်ရေချိုးခန်းထဲကို...... ကလေးမျက်နှာသစ်ဖို့အဆင်သင်လုပ်ပေးထားတယ်........"ပြောပြီးတာနဲ့လက်ကမ်းလာတဲ့ဦးကို ကျနော်ဘယ်လိုစိတ်ကောက်နိုင်တော့မှာလဲ....
ဒါပေမယ့် မရပါဘူး....ဒီနေ့တော့ခင်ဗျားကြီးအလှည့်ပဲ.....ထမင်းစားခန်းထဲရောက်တော့....
"ကလေးစားနှင့်နော်.....""ခင်ဗျားက ဘယ်သွားမလို့လဲ.... ".
"ဟို...အလုပ်သွားဖို့ ပြင်ရဦးမယ်လေ ကလေးရ.."
"ဘာ!...."
"လန့်တာ..ကလေးရယ်...ဘာလို့အဲ့လောက်အော်ရတာလဲ...ကိုယ့်နားတောင်ကွဲ ပြီလားမသိဘူး...."
နားကိုကိုင်ရင်ပြောင်ချော်ချော်ပြောနေတာကြောင့် ကျနော်စိတ်မရှည်တော့.......
"မသွားရဘူး...."
"ဟင်..ဘာဖြစ်လို့လဲကလေး...""မသွားရဘူး ဆို မသွားရဘူးပေါ..ခင်ဗျားက ဘာတွေအထွန့်တက်နေတာလဲ....ဘာလဲအလုပ်မှာက ကျနော့်ထက် အရေးကြီးတာတွေရှိနေလို့လား....."
YOU ARE READING