Episode 8 unicode
4K 220 1
"ပြောလေ ကိုသန်းထိုက်......သူရောလို့"
"ဗိုလ်ကြီးကလေ.....တိုက်ပွဲမှာ...သေနတ်မှန်လို့....."
"မဖြစ်နိုင်ဘူး....သူပြန်လာမယ်လို့အသေအချာပြောသွားတာ။"
ကနော် ကိုသန်းထိုက်ဘာဆက်ပြောမလဲနားမထောင်တော့။တပ်ရဲ့ဂိတ်ပေါက်ကိုသာပြေးမိသည်။ဟုတ်တယ်သူနောက်ကျနေတာပါ။သူ.....သူ..ငါဆီပြန်လာမှာ။
ဂိတ်ပေါက်ရောက်တော့ ဘယ်သူမှမရှိ။ဝမ်းနည်းတဲ့စိတ်တွေကြောင့်မျက်ရည်များကမျက်ဝန်းအိမ်အတွင်းမှထိန်းမထားနိုင်အောင်စီးကျလာတော့သည်။
"မဟုတ်ဘူး။မဟုတ်ဘူး။မဟုတ်ဘူး....းးးးးးးးးးး။
ခင်ဗျားကျနော့်ကိုအဲ့လိုထားသွားလို့မရဘူးလေ။ကျနော်ခင်ဗျားကိုအဖြေမပေးရသေးဘူးလေ။ လူကြီးရယ်...... ကျနော့်ဆီပြန်လာပါနော်။ကျနော်လေ လူကြီးကို ချစ်တယ်။ ချစ်တယ်သိလား။အဲ့တာကြောင့်ကျနော့်ဆီပြန်လာခဲ့ပါနော်😭😭😭😭😭😥😥😥😥😥😥😢😢😢😢😢"
ကျနော်ခေါ်နေတယ်လေ လူကြီးရယ်။ကျနော့်ကိုချစ်ရင်ပြန်လာပါတော့။အခုလိုမျိုးတစ်ယောက်တည်းမထားခဲ့ပါနဲ့။ကျနော့်ဘဝမှာမိဘတွေကိုလည်းဆုံးရှုံးရပြီးပြီ။အခုလည်း လူကြီးကိုဆုံးရှုံးရဦးမှာလား။.........
...............
"ပေါက်စ......"
ဟင် ဒါ..ဒါ..ဒါ လူကြီးအသံမဟုတ်လား။ကျနော်လည်းအနောက်ကိုလှည့်အကြည့်
........
ရှေ့တန်းကနေဒီနေ့ပြန်ရောက်တယ်။ဒဏ်ရာအများကြီးတော့မရပေမယ့်သေနတ်တော့မှန်သွားတယ်။တပ်ကိုပြန်ရောက်မှပဲသေသေချာချာကုလိုက်တော့။အခုတော့ပေါက်စကိုမြင်ချင်လှပြီ။အရမ်းလွမ်းတယ်ပေါက်စရယ်။
တပ်ကိုပြန်ရောက်တော့
ဒီအချိန်ဆိုပေါက်စ ကျောင်းမှာရှိလောက်တယ်။ဒါဆိုကျောင်းကိုတန်းသွားမယ်။
"သန်းထိုက်.. ငါကျောင်းကိုသွားဦးမယ်။"
""ဆရာလေးဆီသွားမလို့ မှတ်လား"
"မင်းသိရင်လည်းပြီးရောကွာ.....လာပြောနေသေးတယ်။"
ကျောင်းရောက်တော့ပေါက်စကိုမတွေ့။ဘယ်တွေသွားနေတာလဲပေါက်စရေ။လွမ်းလွန်းလို့မျက်နှာလေးတွေ့ချင်ပါတယ်ဆိုကွာ။
"ဆရာမ "
"ရှင်..အော် ဗိုလ်ကြီးပါလား။ရှေ့တန်းကပြန်ရောက်လာပြီလား"
"ဟုတ်ပါတယ် ။ဒါနဲ့လေ။ဟိုကျောင်းဆရာလေးရောခင်ဗျ"
"မနက်ကတော့စျေးသွာမယ်ပြောတာပဲဗိုလ်ကြီးရဲ့"
"အခုထိပြန်မရောက်သေးတာပေါ့ ကျေးဇူးပါပဲ"