စေ့စပ်ပွဲမတိုင်ခင်နှစ်ရက်အလို.....
"ကျနော်ခင်ဗျားနဲ့ပြောစရာရှိတယ် ကိုလရောင်"
"ဘာလဲ မင်းနဲ့ငါ့ကြားမှာဘာမှပြောစရာမရှိဘူး။"
"မဟုတ်ဘူးကိုလရောင် ခင်ဗျားအထင်လွဲနေတာတွေကိုပြောပြမလို့ ကျနော်နဲ့သူနဲ့ကဘာမှမဟုတ်ဘူး ဘာမှလည်းမပတ်သတ်ဘူး"
"ဘယ်လို ဘာမှမပတ်သတ်ဘူးဟုတ်လား။သေသေချာချာစဥ်းစားပါဦး"
"ဟုတ်တယ် သူနဲ့ကျနော်ကဘာမှမပတ်သတ်ဘူး။အဲ့နေ့တုန်းကလည်းခင်ဗျားရောက်လာလို့သူအဲ့လိုပြောလိုက်တာ။အဲ့ဒီနေ့က သူကျနော့်ကိုလာတွေ့တယ်။ပြီးတော့ ခင်ဗျားနဲ့လမ်းခွဲလိုက်တဲ့အကြောင်းကိုကျနော့်ကိုပြောပြီးငိုတာ်။အဲ့ဒါကို.. ကျနော့်အမကဓာတ်ပုံရိုက်ပြီးမေမေလေးကိုပြလိုက်တာ။
အဲ့ဒါကို မေမေလေးကအထင်လွဲပြီး သူ့ကိုရိုက်လိုက်မိတယ်။သူ့ကိုကျနော်နဲ့ဘယ်လိုပတ်သတ်နေလဲမေးနေတုန်း ခင်ဗျားရောက်လာတာ အဲ့ဒါကြောင့်သူကအဲ့လိုဖြေသွားတာ"
"ဒါ..ဒါဆိုရင်.."
"ဟုတ်တယ် နောက်ပြီးသူခင်ဗျားကိုလက်လွှတ်လိုက်ရတဲ့အခက်တစ်ချက်ရှိသေးတယ်။"
"ဘာဖြစ်လို့လဲ"
"သူက မေမေလေးရဲ့သားအရင်းပဲ ကိုလရောင်"
"ဘယ်လို!...."
"ဟုတ်တယ် ကိုလရောင် သူခင်ဗျားကိုအရမ်းချစ်ခဲ့တယ်။သူ့ကိုကြည့်ရင်းဘေးလူဖြစ်တဲ့ကျနော်တောင်ရင်ထဲမှာနာကျင်တယ်။ွမွန်းကြပ်ငလိုခံစားရတယ်။ နာကျင်မှုတွေကိုကြိတ်မှိတ်ပြီးနေရှာတယ်"
"ငါ..ငါ..ငါမှားသွားပြီပေါ့ ။ငါ..ငါ.သူ့အပေါ်ရက်စက်မိသွားတာပေါ့။ ငါ ဘယ်လိုလုပ်ရမလဲ။"
"ခင်ဗျားစဥ်းစားပေါ့ နောက်နှစ်ရက်နေရင်ခင်ဗျားတို့ စေ့စပ်ပွဲရောက်လာပြီပဲ"
......ကိုယ်အစောကြီးကတည်းကသိခဲ့တာပါပေါက်စရယ်။ကိုယ်ပေါက်စကိုsupriseလုပ်ချင်လို့။ပေါက်စအံသြသွားအောင်လို့ပါ။အခုတော့......
"သားကြီး အလုပ်တွေကိုနားနားနေနေလုပ်ပါလားကွယ်။ သားကိုကြည့်ရတာပင်ပန်းလိုက်တာ"
"သား ဒီအလုပ်တွေကိုမြန်မြန်အပြီးသတ်ရမယ်မေမေ။အဲ့ဒါမှသူ့နောက်ကိုမြန်မြန်လိုက်သွားလို့ရမှာ။ဒီတစ်ခါတော့မေမေသားကိုမတားပါနဲ့။သားတို့ကြောင့်သူဘယ်လောက်ခံစားခဲ့ရလဲဆိုမေမေတို့သိမှာပါ"
"မေမေ သိပါတယ်ကွယ်။မေမေတို့ရဲ့လုပ်ရပ်ကမဆင်ခြင်ဘဲဖစ်သွားတာတွေပါ။သားဇောကပ်သွားလို့ပါ။သားလေးကိုသေချာခေါ်လာခဲ့နော်။"
ВЫ ЧИТАЕТЕ