Unicode😘😘😘😘😘😘စိတ်တို့သည်အလျင်လိုခြင်းများနှင့်ပြည့်နှက်နေသည်။
မနက်အစောကြီးကိုစစ်ဆီမှဖုန်းဆက်လာတာကြောင့်ပင်
ဖုန်းထဲမှာတော့....."ညီငယ်...DNAအဖြေရပြီ....."
......
"ကိုစစ်...ကျနော်ရောက်ပြီ...ဘာတဲ့လဲ...အဖြေက ဘာတဲ့လဲ...."
ရောက်တာနဲ့မထိုင်အား..DNAအဖြေသိရဖို့စိတ်လောနေတာကြောင့် အမောတကောမေးနေမိသည်။.....
"ညီငယ်.......ဒီမှာအဖြေစာရွက်....."
အရှေ့ရောက်လာသောစာရွက်လေးတစ်ရွက်.....ဘုရားဘုရား.....အခုချိန်တနေမိသည်မှာ ဘုရားပဲရှိတော့သည်။
အဖြေကိုကြည့်ခါနီးတွင်...ကိုစစ်ကစာရွက်ဖျတ်ခနဲကောက်ယူလိုက်တာကြောင့်....
"ညီငယ်...ကိုကြီးကိုကြည့်....တကယ်လို့အဖြေက...ညီငယ်ဖြစ်စေချင်တာ မဖြစ်ခဲ့ရင်လည်း.....
ညီငယ်စိတ်ကိုတင်းထားရမယ်နော်......."ဟင်...ကိုစစ်ဘာလို့ဒီလိုပြောတာလဲ...ဒါဆို...မဟုတ်မှလွဲရော.... အဖြေက...
စာရွက်ကိုမြန်မြန်ယူကြည့်လိုက်တော့
#မျိုးရိုးဗီဇအရသွေးသားတော်စပ်မှု.....99.99%#
ဟင်...
"ဟင့်အင်း....ဟင့်အင်း..မဖြစ်နိုင်ဘူး.....မဟုတ္ဘူးမလား..ကိုစစ်...ဒါမဖြစ်နိုင်ဘူးမလား....."စစ်သွေးရှေ့မှာသွေးပျက်တဲ့ပုံစံနဲ့ဖြစ်နေတဲ့သူ့ညီကိုလက်နှစ်ဖက်ကိုသေချာကိုင်ကာ.......
"ညီငယ်...ကိုကြီးဘာပြောထားလဲ.....စိတ်ကိုတင်းထားရမယ်လို့.....နောက်ပြီး...ညီငယ်...မင်းလရောင်ကိုမယုံဘူးလား....နောက်ပြီးဒီကိစ္စကိုမင်းမှမဟုတ်ဘူး ကိုကြီးလည်းမယုံနိုင်သေးဘူး....ဒါကစစ်ဆေးချက်သပ်သပ်ပဲ....တစ်ခုခုမှားယွင်းသွားနိုင်တယ်....အခုလောလောဆယ်အလျင်စလိုဘာကိုမှမလုပ်နဲ့ကြားလား......"
"ကိုစစ်...သူကအဲ့လိုလူမျိုးမဟုတ်ဘူး... သူကအဲ့လိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး...."
လူမမာတစ်ယောက်ပြောနေသလိုစကားသံတို့ဟာလေးတွဲနေပြီးမျက်ရည်တို့သည်လည်း...အတားအဆီးမရှိကျဆင်းလာသည်။....
YOU ARE READING