"ဒါက ရတနာ့ကလေး ဟုတ်လား......"
"ဟုတ်တယ် သားရဲ့...."
"ဘာလဲ နင်က မယုံလို့လား......လာ လာသားလေး မေမေတို့ထမင်းစားရအောင်"
"အဲ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး....."
ဧည့်ခန်းထဲမေမေနဲ့ကျနော် နှစ်ယောက်တည်းရှိချိန်....
"ဒါနဲ့ ရတနာ့အမျိုးသားကရော......မေမေ""မပြောချင်တော့ပါဘူးသားရယ်...သူဒီကထွက်သွားတာဒီကလေးကိုသွားမွေးဖို့တဲ့..အခုတော့ ကလေးဖအေကဘယ်သူမှန်းမေးလို့လည်းမရဘူး......."
"တကယ်လား..မေမေ...."
"အင်း....".........
"ရတနာ...."
"ဟင်းးးး ဘာလဲ ငါ့ကိုမေးစရာတွေရှိနေပြီမလား...ဒီကလေးက ဘယ်သူနဲ့ရတာလဲ ကလေးအဖေကဘယ်သူလဲ.....ဒါပဲနင်မေးမှာမလား......""ဟုတ်တယ်.....နင်ပြောတာမှန်တယ်......"
"နင်ကရော ဘယ်သူလို့ထင်လဲ...နောက်ပြီး ငါပတ်သတ်ခဲ့ဖူးတဲ့ယောကျာ်းဆိုလို့ နင့်ယောကျာ်း လရောင်ထွန်းတစ်ယောက်ပဲဂှိတာလေ....."
"အဲ့ဒါနဲ့ဘာဆိုင်လို့လဲ....."
"ဟင်..ဘာဆိုင်လို့လဲ ဟုတ်လား..မြင့်မြတ်သူ နင်တော်တော်အပါလား...ငါကနင့်ကိုအဲ့လောက်အတုံးဘူးထင်တာ.....""ဒါဆိုရင်...နင်ပြောချင်တာက ဒီကလေးရဲ့အဖေက...."
အောင်နိုင်သူအပြုံးနဲ့မျက်ခုံးတစ်ဖတ်ကိုပစ်ပြနေတဲ့သူမ.....
"မဖြစ်..မဖြစ်နိုင်တာ သူကအဲ့လိုလူမျိုးမဟုတ်ဘူး....."
"အဲ့တာကတော့ နင့်သဘောလေ...ဟင်းးးဟင်းးး
ဘယ်လိုလဲ ကိုယ့်ဆီကနေအလုခံရရင်ဘယ်လိုလဲဆိုတာကိုနင်သိအောင်ငါလုပ်ပြမယ် မြင့်မြတ်သူ စောင့်ကြည့်နေ........."..........
တစ်နေကုန် အလုပ်ကိစ္စနဲ့သွားရတာရုံးဆင်းခါနီးမှပဲပန်ရောက်တော့တယ်....
"ဆရာ....."
"အေး ပြောလေ.....""နေ့လည်က မင်းသန့်မောင်ဆိုတဲ့ကောင်လေးလာသွားတယ်...ပြီးတောထမင်းချိုင့်လည်းထားသွားတယ်........"
"ဘာ...ဒီကို ကလေးလာသွားတယ် ဟုတ်လား...အဲ့ဒါဘာလို့ နင်တို့ကငါ့ဆီဖုန်းမဆက်တာလဲ...."
YOU ARE READING