ကျနော်မေးသင့်လား။ခင်ဗျားစေ့စပ်တော့မှာလားဆိုတာကိုလေ။မဖြစ်နိုင်ဘူးမလား လူကြီး။ခင်ဗျားကျနော့်ကိုပစ်မသွားဘူးမလား။ အဲ့လိုလည်းမဟုတ်သေးပါဘူး။ငါနောက်ဆုတ်သင့်တာလား။ငါနောက်ဆုတ်လိုက်ရင်လူကြီးရဲ့တက်လမ်းတွေ ပြီးတော့မိသားစုတွေကိုပျော်ရွှင်စေမှာမလား။လူကြီး ကျနော်ဘာပဲလုပ်လုပ် လူကြီးအတွက်ပဲစဥ်းစားပြီးလုပ်တယ်ဆိုတာကိုလူကြီးသိထားပေးပါ။
"ပေါက်စ..ပေါက်စ..."
"ဗျာ...ဟင် ပြောလေလူကြီးဘာဖြစ်လို့လဲ"
"ဖြစ်နေတာက ကိုယ်မဟုတ်ဘူးလေ ပေါက်စဖြစ်နေတာလေ။ပေါက်စကိုကြည့်ရတာစိတ်နဲ့ကိုယ်နဲ့မကယ်သလိုပဲ။ဘာဖြစ်နေတာလဲ။နေမကောင်းလို့လား။ဘယ်နေရာဘာဖြစ်နေလို့လဲ"
ကျေးဇူးပြုပြီးကျနော့်ကိုအဲ့လိုဂရုစိုက်မှုတွေမပေးပါနဲ့တော့လူကြီးရယ်။ကျနော်မစွန့်လွှတ်နိုင်တော့မှာဆိုးလို့ပါ။ဒီလောက်နဲ့ပဲရပ်တန့်ပေးပါလား......
"အော်...ဘာမှမဖြစ်ပါဘူးလူကြီးရယ် လူကြီးစိတ့ထင်နေလို့ပါ။"
"အင်းပါ အဲ့ဒါဆိုလည်းပြီးတာပဲဒါနဲ့ဒီနေ့ကျောင်းမသွားရဘူးလား"
"ဟင်...ကျောင်းကိုဘာသွားလုပ်ရမှာလဲ "
"စာသွားသင်ရမှာလေ "
"စိတ်နဲ့ကိုယ်နဲ့မကပ်တာကျနော်မဟုတ်ဘူး လူကြီးပဲဖစ်မှာ အခုက သီတင်းကျွတ်ကျောင်းပိတ်ရက်လေ ကျနော်ကကျောင်းသွားပြီးဘယ်သူ့ကိုစာသင်ရမှာလဲ"
"အဟဲ...ဟုတ်သားကိုယ်မေ့သွားတယ်။"
"ဟိုလေ လူကြီး လပြည့်နေကျရင်လေ ကျနော့်ကိုဘုရားလိုက်ပို့ပေးပါလားဟင်...."
"ရတာပေါ့ဗျ လိုက်ပို့ပေးရမှာပေါ့ ဟော့ဒီကကိုယ့်ရဲ့ချစ်သူလေးကို"
"အဟမ်းအဟမ်း ပတ်ဝန်းကျင်မှာလူလေးဘာလေးရှိတာကိုသတိထားကျဦးလေ ဖြစ်ချင်တိုင်းကိုဖြစ်နေတာပဲ"
"ပေါက်စ ကိုယ်ရေသွားချိုးလိုက်ဦးမယ်နော်"
"ဟုတ်ကဲ့"
............
"ရှင်က ဇွဲတော့ကောင်းသားပဲ။ဒါပေမယ့်ရှင့်ရဲဇွဲက အရာမရောက်ပါဘူး။ဒီနေ့ကျမတို့နှစ်ယောက်တည်းဘယ်ကိုသွားတယ်ဘာတွေလုပ်တယ်ရှင်မသိချင်ဘူးလား"
"မသိချင်ပါဘူးခင်ဗျ...မသိချင်တာထက်သိစရာမလိုဘူးလို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ကျနော်ကလူကြီးကိုယုံတယ်လေ။လူကြီးက..မင်းရဲ့အကျီကိုတောင်ထိခဲ့မှာမဟုတ်ဘူး။ကျနော့်ကိုခွင့်ပြုပါဦးအလုပ်လေးရှိလို့"
ESTÁS LEYENDO