စာသင်ချိန်တစ်ချိန်ပြီးလို့နောက်တစ်ချိန်ဝင်ရတော့မယ်။အလုပ်ဆိုတော့လဲမဝင်လို့မရ။အယ်နေပါဦးငါလက်မှတ်ထိုးခိုင်းရဦးမှာပဲ။မေ့နေလိုက်တာ။အခုချက်ချင်းထိုးခိုင်းရမယ်။
အခန်းဝရောက်လို့ခေါ်မယ်ပြုကာရှိသေးတယ်။အထဲမှာမိန်းကလေးတစ်ယောက်အသံကြားရတယ်။ဟိုလူကြီးကိုခေါ်နေတာ ကိုကို ကိုကိုနဲ့။ကြည့်ရတာကိုသန်းထိုက်ပြောတဲ့သူနဲ့လူကြီးချင်းသဘောတူထားတဲ့လူဖြစ်မယ်ထင်တယ်။မဖြစ်သေးပါဘူး။သူတို့စကားပြောအပြီးစေင့်နေရင်ဒီတစ်သက်လက်မှတ်ထိုးရမှာမဟုတ်တော့ဘူး။
"ဝင်ခွင့်ပြုပါ။"
"ဒီမှာတာဝန်ကျတယ်ဆိုတဲ့အစီရင်ခံစာပါ ။ဗိုလ်ကြီးရဲ့လက်မှတ်လိုလို့လာထိုးခိုင်းတာပါ။"
ယုန်ပေါက် ထူးထူးဆန်းဆန်း ဗိုလ်ကြီးတဲ့။အရင်လိုအသံမဟုတ်ဘဲချိုသာနေပါ့လား။ဒါမဲ့တစ်မျိုးကြီးပဲ။
"အင်း ဒီမှာထိုးပေးရမှာလား။"
"ဟုတ်ပါတယ်။"
"Ok ရော့ထိုးပြီးပြီ။"
"ကျေးဇူးပါပဲ ဒါဆိုသွားလိုက်ပါဦးမယ်ဗိုလ်ကြီ"
ဟွန့် သူကောင်မလေးရောက်နေတော့လူကိုအတင်းအသဲနဲ့အသန်နှင်ထုတ်နေတယ်။
"ကိုကို။ လိုက်ပို့နော် နော်လို့"
"အေးဟာ ပြီးရော ခဏနေဦး"
"ရေးးးးးးးး ဒါမှရတနာ့ကိုကိုကွ"
........
ကျောင်းဆင်းပြီ။ အခုငါသူ့ကိုစောင့်နေရမှာလား။သူပြောတယ်လေညနေကျရင်ဒီနေရာမှာပဲစောင့်နေလို့။ခဏတော့စောင့်နေလိုက်ပါ့မယ်။
တစ်နာရီလောက်ကြာပြီးနောက်
မြင့်မြတ်သူ မင်းရူးနေတာပဲ။ဟိုကမင်းကိုဘယ်လိုလုပ်လာကြိုမှာလဲကွ။သူ့ကောင်မလေးနဲ့သွားမှာပေါ့။အရူးပဲ။
ကျနော် မလာတော့တဲ့သူကိုမစောင့်တော့။ကိုယ်ခြေထောက်ကိုပဲအားကိုးပြီးပြန်လာခဲ့လိုက်တယ်။ တိုက်ခန်းရောက်ခါနီးတော့။
"ဟာ ဆရာလေး ကျောင်းဆင်းတာနောက်ကျလှချည်လား။ဘာလဲအစကတည်းကအလုပ်တွေကြိုးစားနေပြီလား။"
ကျနော်ဘာပြောရမလဲမသိတော့။ရင်ထဲဝမ်းနည်းသလိုခံစားလာမိတယ်။ဒါပေမယ့်မျက်နှာပေါ်မှာအပြုံးတစ်ခုဖန်ဆင်းရင်း
"ဒါပေါ့ကိုသန်းထိုက်ရ။ကြိုးစားရမှာပေါ့။ဒါနဲ့လေ ခင်ဗျားတို့ရဲ့ဗိုလ်ကြီးရော"
"Awwwဗိုလ်ကြီးလား နေ့လည်လောက်ကတည်းက သူ့ရဲ့ဇနီးလောင်းနဲ့အပြင်ထွက်သွားတာလေ။အခုထိပြန်လာပုံမထောက်ရင်တစ်ခါတည်းအိမ်ပြန်မယ်ထင်တယ်။"
"Awwww အဲ့လိုလား"
ВЫ ЧИТАЕТЕ