🎵မင်းရှိလို့ရှိမှန်းမသိ...🎵
🎵ဘယ်ဆီရောက်လို့ရောက်မှန်းလဲမသိ....
တကယ်ဆိုငါ...စိတ်ထဲဘာမှမရှိ..
. တကယ်ကိုဗလာနတ္ထိ......
. အတူထိုင်ရင်းအလယ်မှာနေရာလွတ်ကြီး.....
နေထိုင်လာတဲ့ဘဝမျောပြီး.....
ဒီလိုပဲလာ.......
ဒါပုံမှန်ပဲလား.......
ရင်ဘတ်ထဲမှာဘာမှမရှိတော့ဘူး....
ဘာမှလည်းမသိတော့ဘူး.........🎵🎵🎵🎵
ကားပေါ်မှာနှစ်ယောက်သားဘာစကားမှမပြောပေ။ရေဒီယိုကနေလာနေတဲ့ Mayဆိုထားတဲ့'lost'သီချင်းလေးဟာ နားထဲကိုဝင်ရောက်လာသည်။တိုက်ဆိုင်လွန်းပါတယ်။
.................
"ကျေးဇူးပါပဲ ဗိုလ်ကြီး"
"တကယ်ပဲလား..."
"ဘာကိုလဲ"
"မင်းနဲ့သူနဲ့ချစ်သူတွေဆိုတာ"
"ဟုတ်တယ်လေ။ကျနော်နဲ့သူနဲ့ကချစ်သူတွေ"
"ဒါဆိုဘာလို့ငါ့ကိုချစ်ခဲ့တာလဲ"
"ဒါကတော့ ကျနော်ခင်ဗျားအပေါ်သာယာမိသွားလို့နေမှာပါ။ခဏတာပေါ့"
"မင်းအရမ်းရက်စက်လွန်းတယ်မြင့်မြတ်သူ။ခဏတာသာယာဖို့အတွက်မင်းငါ့အချစ်ကိုအသုံးချခဲ့တယ်။မင်းမတရားဘူး......ငါအရမ်းနာကျင်ရတယ်။မင်းလုပ်ရက်တယ်။ မင်းငါ့ကိုအရာအားလုံးထက်ပိုချစ်မယ်ထင်ခဲ့တာ။အားးးးးးးးးးးးးးးးးးးး
ကောင်းပြီ အခုငါမင်းကိုမလိုအပ်တော့ဘူး။မင်းနဲ့ပတ်သတ်ပြီးတော့လည်းငါဘာမှမခံစားချင်တော့ဘူး။မင်းအကြောင်းလည်းမတွေးချင်တော့ဘူး။မင်းနဲ့ပတ်သတ်ပြီးဘာမှမတွေးချင်တော့ဘူး။မင်းနဲ့ပတ်သတ်ပြီးဂရုမစိုက်ချင်တော့ဘူး။ဒါ..ဒါ..ပေမယ့် အဲ့ဒါတွေကို...ငါ..ငါ..ဘယ်လိုလုပ်ရမှန်းမသိဘူး။ငါ မင်းနဲ့မတွေ့ခဲ့ရင်ကောင်းမယ် မြင့်မြတ်သူ............."
.............
ကျနော်လူကြီးကိုချစ်နေဦးမှာပါ။ဒါပေမယ့်ကျနော့်ရဲ့အချစ်တွေကိုမထုတ်ပြတော့ပါဘူး။အဲ့ဒီအတွက်ကျနော်တောင်းပန်ပါတယ်။ကျနော်လူကြီးနဲ့အမှတ်တရတိုင်းကိုသတိရနေမှာပါလူကြီးရယ်..............
..........,.........................
..
"ရော့ဒီမှာမင်းပစ္စည်းတွေ ငါတို့အတူမနေသင့်တော့ဘူးထင်တယ်။"
"အင်းပါ ကျနော်လည်းပြောင်းမလို့ပါပဲ"
တကယ်ထွက်သွားရတော့မှာပေါ့။ နေချင်တာပေါ့လူကြီးရယ်။လူကြီးရဲ့လက်ကိုကိုင်ပြီးဒါငါ့ချစ်သူပါလို့ပြောချင်တာပေါ့။ဒါပေမယ့်လည်းလူကြီးရယ်ကျနော်အချစ်တစ်တည်းကြောင်ကျန်တဲ့လူတွေကိုအခက်မတွေ့စေချင်ဘူး။အထူးသဖြင့်လူကြီးနဲ့မေမေ့ကိုရောပေါ့။မေမေပင်ပန်းနေပါလိမ့်မယ်။ကျနော်နဲ့လူကြီးလမ်းခွဲရဖို့အတွက်သူကကြိုးစားမှာပဲလေ။မေမေကိုဆိုးတဲ့သူတစ်ယောက်အဖြစ်မခံနိုင်ဘူး။ဘာပဲပဲဖစ်ဖြစ်ဒီပွဲမှာလူကြီးကိုကျနော်မရလိုက်ပေမယ့် ကျနော့်ရဲ့အမေကဘယ်သူပါဆိုတာကိုသိခွင့်ရလိုက်တာနဲ့ပဲကျေနပ်နေပါပြီ။
....................
"ဟယ်လို သန်းထိုက်"
"ဗျာ ဗိုလ်ကြီး"
"အဲ့ဒီကို မြင့်မြတ်သူလာလိမ့်မယ် သူ့အတွက် နေရာပြင်ပေးလိုက်"
"ဗျာ.. အော် ဟုတ်ကဲ့ဗိုလ်ကြီး"
ВЫ ЧИТАЕТЕ