"ဟယ် သား ပြန်လာပြီးလား။ဖေကြီးရေဒီမှာသားလရောင်ပြန်လာပြီ"
အိမ်ပေါ်မရောက်သေးပေမယ့်အမေ့ရဲ့အသံကိုကြားနေရပြီ။
"အမလေးငါ့သားကြီးကမမြင်ရတာကြာလို့လားမသိဘူးပုံစံတွေပြောင်းသွားလိုက်တာ။""မပြောင်းပါဘူးအမေရဲ့သားကဒီအတိုင်းပါပဲ"
"ဟုတ်ပါပြီကွယ် သားလည်းပင်ပန်းလာရောပေါ့နားလိုက်ဦးအမေထမင်းဝိုင်းပြင်ပြီမှာသားကိုလှမ်းခေါ်လိုက်မယ်။"
"ဟုတ်ကဲ့အမေ ဒါဆိုသားအပေါ်တက်တော့မယ်"
ပြောပြီးတာနဲ့ချက်ချင်းအပေါ်တက်ခဲ့တော့တယ်။အခန်းထဲရောက်တာနဲ့လုပ်ရမယ့်အချက်ကမျက်နှာပေါ်ကအမွေးတွေကိုရှင်းရမယ့်ကိစ္စ။
တွေ့ကြသေးတာပေါ့ ။ငါဘယ်လောက်ချောလဲဆိုတာမင်းမြင်ရတော့မှာပါကောင်လေးရာ။........
"အွန်း.......အင်း....."
ဟင်ဘယ်နှနာရီတွေရှိကုန်ပြီလဲမသိဘူး။ခဏဆိုပြီးအိပ်ပျော်သွားလိုက်တာ။ဗိုက်ဆာလာမှပဲနိုးတော့တယ်။ဒါနဲ့ဒီမှာစားသောက်ဆိုင်လေးဘာလေးမရှိဘူးလားမသိဘူး။အပြင်ထွက်ကြည့်ဦးမှပဲ။ဟောဟိုမှာမနက်လိုက်ပို့ပေးတဲ့စစ်သားကြီးပဲ။ဟုတ်တယ်သူ့ကိုပဲမေးကြည့်ရတော့မှာပဲ။
"ဗျို့.. ဟိုအရှေ့ကစစ်သားကြီး "
ဟိုကောင်လေးပဲ။ဘာတွေပြောဦးမလဲမသိဘူး။တစ်ခုခုမှားလို့မဖြစ်ဘူး။
"ပြောလေဆရာလေးဘာများအဆင်မပြေတာရှိလို့လဲခင်ဗျ"
"ဟိုလေ ဒီမှာစားသောက်ဆိုင်တွေဘာတွေမရှိဘူးလား။ကျွန်တော်ဗိုက်ဆာလို့ဗျ။အခုထိဘာမှမစားရသေးဘူး"
"ဒီမှာတော့စားသောက်ဆိုင်ရယ်လို့မရှိဘူးဆရာလေးရဲ့
စားဆောင်တော့ရှိတယ်။ဒါပေမယ့်စားဆောင်ကလည်းအချိန်နဲ့ကျွေးတာဆိုတော့အခုချိန်ဆိုဘာမှကျန်တော့မှာမဟုတ်ဘူး။"
"ဟုတ်လား။အဲ့ဒါဆိုကျွန်တော်ကဘာမှမစားဘဲတစ်ညလုံးအငတ်ခံရမှာလား။"
"အဲ့လိုတော့မဟုတ်ပါဘူး။ခဏလေးနော်။အပြင်မှာတစ်ခုခုသွားဝယ်ပေးပါ့မယ်။"
"အဲ့လို့ရလို့လား။"
"ခွင့်တောင်းရင်တော့ရမှာပါ"...
"တီ..တီ...တီ..."
ဒီအချိန်ဖုန်းကဘယ်ကလာတာလဲ။ဟိုကောင်သန်းထိုက်ဆီကပဲ။
"အေး.ပြောသန်းထိုက်ဘာကိစ္စလဲ"
"ဟိုလေ ဗိုလ်ကြီး အသစ်ရောက်လာတဲ့ဆရာလေးကလေ ဗိုက်ဆာလို့တဲ့အဲ့ဒါ တစ်ခုခုသွားဝယ်ပေးမလို့ ဗိုလ်ကြီးဆီကခွင့်တောင်းတာပါ။"
"ဘာ..မင်းဘာပြောလိုက်တယ်။ကောင်လေးကအခုထက်ထိဘာမှမစားရသေးဘူးဟုတ်လား။"
"ဟု..ဟု..ဟုတ်ပါတယ်ဗိုလ်ကြီး။
"တောက်..မင်းတို့ကောင်တွေကိုငါပြောထားတယ်လေအဆင်မပြေတာဘာတစ်ခုမှမဖြစ်စေနဲ့လို့။ထားလိုက်တော့နောက်မှတွေ့မယ်။မင်းလဲဘာမှဝယ်မနေနဲ့တော့။အခုချက်ချင်းငါလာခဲ့မယ်။သူ့ကိုအဆာပြေအခြားတစ်ခုခုစီစဥ်ပေးထားလိုက်။ကြားလား"
"ဟုတ်ကဲ့"
ကောင်လေးအခုထက်ထိဘာမှမစားရသေးဘူးတဲ့။ဘယ်လိုဖြစ်ရတာလဲ။အတန်တန်မှာထားရက်နဲ့ကိုကွာ။
"အမေ..အမေ.."
"ဟေ ဘာတုန်းသားရဲ့"
"အိမ်မှာဘာစားစရာတွေရှိသေးလဲ"
"ရှိပါတယ်သားရဲ့ ရေခဲသေတ္တာထဲမှာအစုံရှိတယ်။ဘာဖြစ်လို့လဲသားဘာစားချင်လို့လဲ။အမေတောင်အခုသားကိုထမင်းစားလာခေါ်တော့မလို့ဘဲ"
"အဲ့ဒါဆိုသားအခုမစားသေးဘူး။သားကိုထမင်းချိုင့်စီစဥ်ပေးပါဦး။"
"ဘာဖြစ်လို့လဲ"
"မေးမနေပါနဲ့မေမေရယ်မြန်မြန်ထည့်ပေးပါနော်။မြန်နိုင်သမျှအမြန်ဆုံး ။ဟင်းကိုများများထည့်ပေးနော်။"
ရေခဲသေတ္တာထဲမှာဘာတွေရှိလဲသွားကြည့်ဦးမှပဲ။
အင်း...ပန်းသီးရှိတယ်။ကောင်လေးကပန်းသီးကြိုက်ရဲ့လား။ဒါကရောသူကြိုက်ပါ့မလား။မသိတော့ဘူးကွားအကုန်ထည့်သွားလိုက်မယ်။သူစားချင်တာစားပါစေပေါ့။
"အမေ ပြီးပြီလား "
"ပြီးပါပြီသားရယ် ချိုင့်တွေဆင့်ရုံပါပဲ။
"အမေကလည်း အဲ့ဒါကပြီးတာမှမဟုတ်တာ။ရတယ် သားဘာသာတပ်လိုက်တော့မယ်။"
"ဟဲ့ နေပါဦးသားရဲ့စားစရာတွေအများကြီးပဲ။ဘာလုပ်မလို့လဲကွယ့်"
"Awwဒီလိုပါပဲအမေရယ်။သားသွားတော့မယ်နော်။"
"အေးအေး ကားယူသွားမှာလား"
"မယူတော့ဘူးမေမေ ဆိုင်ကယ်နဲ့ပဲသွားတော့မယ်"
"ဂရုစိုက်သွားနော်"
အမေပြောသည်ကိုပင်ဆုံးအောင်နားမထောင်နိုင်။
"မင်းသားကဘာတွေများအရေးကြီးနေတာလဲ။အခုပဲအိမ်ပြန်ရောက်တာကို"
"မသိပါဘူးဖေကြီးရယ်။စားစရာတွေလည်းအများကြီးပဲယူသွားတယ်"
..........
တစ်ဖတ်မှတော့
![](https://img.wattpad.com/cover/211919193-288-k411631.jpg)
ESTÁS LEYENDO