ချစ်ခဲ့ပါသည် ...အပိုင်း(၁)

39K 987 45
                                    

ချစ်ခဲ့ပါသည်.... အပိုင်း(၁)

"ကလင် ကလင် ကလင်"

နှိုးစက်မြည်လာသည်နှင့် မာန် မျက်လုံးမှိတ်ကာ လက်ဖြင့်နှိုးစက်ကိုလိုက်စမ်းစရာ သူများတွေလိုမလိုပေ အရင်ထားနေကြနေရာကိုပဲ လက်လှမ်းလိုက်ကာ ပိတ်လိုက်လေသည်

နေ့စဉ်လုပ်နေကြအလုပ်အတိုင်း အိပ်ယာထ ရေချိုးခန်းဝင်ပြီး အဝတ်အစားလဲလိုက်သည် အဝတ်အစားလဲနေတုန်း အခန်းထဲ ဆိုဖာပေါ်တင်ထားသည့်ဖုန်းလေးက ထမြည်လာလေသည်

"ဟယ်လို မှူးပြော"

"....."

ဟိုဘက်ကပွစိပွစိဖြင့် ပြောနေသော မိန်းမငယ်လေးကို သူမျက်နှာမမြင်ရပေမယ့် အသံလေးကြားလိုက်သည်နှင့်ပြုံးလာစေသူလေး

"အင်းပါ ကိုလာမှာပါ မှူးသာ အဆင်သင့်ပြင်ထားနော် ကိုလာပြီ"

"........."

"ဟုတ်ပါပြီဗျာ စိတ်ချပါ "

"ချစ်တယ် မှူး"

သူတိူ့အရွယ်တွေက ဘာညာသာရကာတွေပြောပြီး အချိန်ကုန်ရမယ့် အရွယ်တွေမဟုတ်တော့ပေ မှူးရောသူရောက companyတစ်ခုစီဦးစီးကာ ရင့်ကျတ်နေသည့် အသက်30နား နီးတွေ

မှူးရောသူရောက ငယ်ပေါင်းတွေဖြစ်သလို သံယောဇဉ်ကလည်း အခြားသူတွေထက်ပိုသည် မှူးကသူတို့အသိုင်းအဝိုင်းတွင် နူးညံ့အေးဆေးသော မိန်းကလေးဖြစ်ပြီး အမျိုးသမီးကြီးတိုင်း ချွေးမတော်ချင်သူလေး

မာန်လည်း ထိုအတိုင်းပင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
မိခင်တိုင်း သားမက်တော်ချင်သူ မာန် သူတိူ့အကြောင်းစဉ်းစားကာအချိန်လွန်သွားမှန်းသိပြီး မှန်ရှေ့သူ့ဘာသာမျက်နှာကြီးရဲပြီး ပြုံးနေလေသည်

နောက်ကျလျှင် ဟိုမယ်နုက သူ့ကိုပွစိပွစိလုပ်အုံးမည်
မာန် မနေ့ညကထဲက အလုပ်ကိစ္စဖို့ သေချာစီထည့်ထားသည့် စာရွက်ဖိုင်နှင့်ကားသော့အား ကိုင်ကာ အောက်ဆင်းလာလိုက်သည်

"သား မနက်စာစားရအောင်လေ"

ဒေါ် မြင့်မြတ်သူ သူမသားအား ကားဆီလှမ်းနေသည်မြင်သည်နှင့် လှမ်းခေါ်လိုက်သည်

ချစ်ခဲ့ပါသည်....Where stories live. Discover now