ရိပ် ညစာစားရင်း မေမေမြတ်နှင့် ဦးဖေဖေကိုကြည့်လိုက်သည် သူတို့ကတော့ မျက်နှာကပုံမှန်ပါပင် ဦးကတော့ သူ့ကိုနဲနဲလေးတောင်မကြည့် ရိပ် ထမင်းကိုမစားပဲ ဇွန်းနှင့်ဖွနေလိုက်သည်
"မဆာဘူးလား သား"
"ဟုတ် စားပါတယ် မေမေရဲ့"
မေမေမြတ်ကာ ပြုံးကာ ကျနော့်ထဲကြည့် ဟင်းတွေထည့်ပေးနေလေသည် ထက်သာနဲ့ ညအပြင်ထွက်ဖို့ကိုဘယ်လိုပြောရမလဲ? သူများအိမ်မှာ နေပြီး ညတွေပတ်ထွက်တာမကောင်းသည့်အတွတ် ရိပ် ခွင့်မတောင်းရဲ
"မေမေ့ သားပြောစရာရှိလို့"
မာန်တို့၏ မိသားစုစကားဝိုင်းဆိုတာ အခုလို ညစာစားနေချိန်နှင့် TVကြည့်ချိန်လေးပင် ကျန်တဲ့အချိန်တွေကမိသားစုကို အချိန်မပေးဖြစ်
"ပြောလေ သားရဲ့"
မေမေရောဖေဖေပါ စားလက်စကိုရပ်လိုက်လေသည် ဟိုဟာလေးကတော့ ဇွန်းနဲ့ဖွနေတုန်းပင်
" သား မှူးနဲ့လက်ထပ်ချင်လို့"
"ချလွင်"
ရိပ် အံ့သြပြီးလက်ထဲမှ ဇွန်လေးက ထွက်ကျသွားသည် ကျနော် ဦးကိုကြည့်လိုက်တော့ ဦးကတချက်သာအကြည့်ပေးသည်
"သားလေးရလား ဘာဖြစ်တာလဲ"
"ဟု ဟုတ် ရပါတယ် မေမေ"
,"သားသေချာဆုံးဖြတ်ပြီးပြီလား"
ဦး ဖေဖေကပင် ဝင်ပြောလေပြီ အေးပေါ့ သူ့သားအရေးပဲ ဦးနဲ့ကျနော်က ဘယ်လ်ုမှမဖြစ်နိုင်တော့ဘူးလား
ရိပ် ကျချင်နေသည့်မျက်ရည်တွေကို ပြန်ခတ်ကာ သိမ်းလိုက်သည်"ဆုံးဖြတ်ပြီးပြီဖေဖေ ကျွန်တော်တို့နှစ်ယောက်လုံးလဲ ကိုယ့်ကိုယ်ကိုထိန်းနိုင်နေကြပြီပဲ မှူးကလည်း သူ့အိမ်ကိုပြောထားမယ်တဲ့ ဖေဖေ"
"ဖေဖေကတော့ ကန့်ကွက်စရာမရှိပါဘူး သမီးမှူးဆိုတာလည်း ထက်မြတ်တဲ့မိန်းကလေးပဲ"
ရိပ် အနည်းဆုံးမျှော်လင့်ထားတာက ဦးဆီကအချစ်ကိုမရရင်တောင် ဦးနားမှာကြာကြာနေရလျှင်နေရအုံးမည်ဟု အခုကျတော့ ဇာတ်လမ်းကမစသေးဘူး ဆုံးနေလေပြီ
YOU ARE READING
ချစ်ခဲ့ပါသည်....
Fiksi Remajaကိုယ် ချစ်တတ်ခဲ့မှ မင်းကမုန်းတယ်တဲ့လား ကလေး ကိုယ်ပဲမှားခဲ့တာလား ကံကွမ်မာကပဲ ရကျစကျခဲ့တာလား #စပ်ခွန်မင်းမာန် အရာအားလုံး ကျွန်တော် လက်လွှတ်ခဲ့ပြီကိုကို ကိုကို့ကို ကျွန်တော်ချစ်ခဲ့ပါတယ် #စစ်ရိပ်ကင်း ရိပ် မင်းအတွတ်ဆို မင်းဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ...