ချစ်ခဲ့ပါသည်...

11.5K 524 8
                                    

ဒါလေးကစောစောကအပိုင်းကိုဖတ်မရဘူးဆိုတဲ့သူလေးတွေအတွတ်ပါ 🖤

မာန်နှိုးလာတော့ ဟိုကောင်လေးကနိုးမလာသေးပေ မာန် ကိုယ်ချစ်တဲ့လူနဲ့လက်ထပ်ရတာ မဟုတ်တဲ့အတွတ်လည်း ဟန်းနီမွန်းသွားဖို့တွေ စိတ်ကူးမရှိ အဲ့တာမို့ အလုပ်သွားဖို့ပဲပြင်လိုက်သည်

မာန် တဘက်ပတ်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည် မာန်ရေချိုးခန်းထဲက ထွက်လာတော့လဲ အိပ်ယာပေါ်က စစ်ရိပ်ကင်းက တုတ်တုတ်မှမလုပ်ပေ မာန်နှိုးမှ ဖြစ်တော့မည် အလုပ်က မာန့်အတွင်းရေးမှူးဖြစ်ပြ္း မာန့်ထက်နောက်ကျတာမျိုးမလိုချင်

*ဟေ့ စစ်ရိပ်ကင်း ဟေ့*

*ဟင့် မထချင်သေးဘူး မေမေ နာနေတယ်*

ထိုကောင်လေးကတော့ အိပ်ချင်းမူးတူး ပြောနေတာဖြစ်သော်လည်း မာန်ကသာ မျက်နှာကြီးနီရဲလာရခြင်း

*စစ်ရိပ်ကင်း မင်းအမေမဟုတ်ဘူး မင်းယောကျာ်းငါနှိုးနေတာ*

မာန် အော်လိုက်မှ အိပ်ယာပေါ်ကမျက်လုံးလေးဖွင့်ကြည့်ရင်း ကမန်းကတန်း ထလာလေသည် သူ့ဘာသာ ထလာပြီး နာမှ မျက်နှာလေးကရှုံ့မဲ့နေလေသည်

"ဟုတ် ဦး ရိပ် ထပါပြီ*

အမှန်တကယ်ဆို ရိပ်ပင်ပန်းနေ၍ အလုပ်မလာချင်ပါ ဒါပေမယ့် ဦးဆီက သူအမှတ်ယူရမည် အခုမှ ရေချိုးပြီးသည့်ဦးက ရေစက်ရေပေါက်တွေတွဲခွဲနေပုံက အကြည့်မလွှဲချင်စရာ

*မင်းအခုထိမထသေးဘူးလား*

*ထ ထပြီ ဦး*

ရိပ် စောင်တွေကိုလုံးပြီး ရေချိုးခန်းထဲဝင်ခဲ့လိုက်သည် ဘယ်လောက်ရင်းနှီးထားသည်ပဲဆိုဆို ရိပ်ဒီအခြေအနေကို ရှက်သည်

ရိပ်ရေချိုးပြီး ထွက်လာတော့ ဦးက ရှပ်ကကြယ်သီးတွေကို တပ်နေလေပြီ ရိပ် ဦးနားကိုရပ်ရင်း ကြယ်သီးတပ်အဖို့လက်အလှမ်း ရိပ်လက်ကို ပုပ်ချခံလိုက်ရသည်

*ငါ့ပစ္စည်း ငါ့အဝတ်အစား ငါ့အသုံးအဆောင် ဘာကိုမှမထိပါနဲ့စစ်ရိပ်ကင်း ! ငါမင်းကို ရွံလို့ နားလည်လား?*

*ဟု ဟုတ် ဦး ရိပ်သိပါပြီ*

ရိပ် ကိုယ့်ဘာသာ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာလိုက်သည် ဦးကတော့ အရင်ဆင်းနှင့်သည် အောက်ထပ်ရောက်တော့ မေမေတို့က မနက်စာစားဖို့ ရိပ်ကိုစောင့်နေကျဟန်

ချစ်ခဲ့ပါသည်....Where stories live. Discover now