ချစ်ခဲ့ပါသည်...

15K 488 24
                                    

*ဘာလို့လဲ *

*ငါ့ဆီခနလေးပဲ လာတွေ့ပါဟာ ငါတောင်းပန်ပါတယ် *

မာန် တကယ်မှူးနှင့်ထပ်မပတ်သတ်ချင်ပါ အရင်ကထဲက သူငယ်ချင်းမျက်နှာကြောင့်သွားတွေ့ရင်ပြင်လိုက်သည် မှူးက သူလုပ်သမျှအပြစ်ကို ငွေအင်အားနဲ့ဖိနိုင်ခဲ့ပုံပင် ဟိုကလေးလေးကတော့ ဘာမှမသိပဲ မေမေနှင့်ထမင်းစားခန်းထဲ ဇိမ်ကျနေလေသည်

*မေမေ ရိပ်လေး သားအပြင်ခနသွားအုဲးမယ် ရိပ်လေး အပြန် ဦးဘာဝယ်ခဲ့ရမလဲ*

*သရက်သီးလေး *

မျက်လုံးလေးတွေမှိတ်ကျသည်အထိပြုံးပြကာ မှာနေသော အသေးလေးအားကြည့်ကာ သွားပြီးဖြစ်ညှစ်ပစ်ချင်စိတ်တွေပေါက်လာရသည် မေမေကလည်း သူ့သားမက်နားကကိုမခွာ စားချင်တာတွေလုပ်ကျွေးနေတာ

*မေ‌မေ ကလေးပူဆာတာတွေ တအားအလိုမလိုက်ပါနဲ့*

*အေးပါဟယ် သိပါတယ် မင်းမာန်ရဲ့ အမေကိုအမေပြန်လုပ်နေတယ် သွားစရာရှိတာသာသွား*

တကယ်ပါ ထိုကလေးကမျက်နှာငယ်နဲ့ပူဆာမိရင် မေမေကတခါပဲငြင်းသည် မာန်ကသာ လူဆိုးခနခနဝင်လုပ်နေရတာ
မာန်နှစ်ယောက်လုံးကို ပြုံးကာရပ်ကြည့်နေပြီးမှ မှူးချိန်းသည့်နေရာသို့ ထွက်လာလိုက်သည်

*မာန် ငါဒီမှာ*

မာန် ကားပေါ်ကဆင်းကာ ပန်းခြံထဲ လူရှင်းသည့်နေရာနားထိုင်နေသည့် မှူး ပန်းရောင်ရင်ဖုံးလေးနဲ့ထဘီဝတ်ထားသည့်သူမက အများအမြင်မှာ ချစ်စရာကောင်းနေပေမယ့် မာန့်ရင်ထဲကတော့ အခဲမကြေပါ

*မာန် ငါ ငါလေ ငါ့ရောဂါအရ ငါနိုင်ငံခြားကိုထွက်သွားရတော့မယ် ဟိုအမှုကိုလည်း ငါငွေအားနဲ့ဖိခဲ့တယ် နင့်ဘက်ကဘာမှမလုပ်လို့ ငါတကယ် ဝမ်းသာပါတယ်*

*ငါ ဘာမှဆက်မလုပ်တာမဟုတ်ဘူး ရ်ပ်လေးက အမုန်းမပွားချင်ဘူးဆိုလို့ ငါတို့ရပ်ပစ်ခဲ့တာ*

ဟုတ်ပါသည် မှူးအမှုကို ရိပ်လေးက ဘာမှအမုန်းမပွားချင်တော့ဘူးဆိုပြီး ရပ်ပစ်ခဲ့တာ ထက်သာမေမေဘက်ကလဲ သူ့ခင်ပွန်းနားချမှုကြောင့် ရပ်စဲလိုက်တာပင်

ချစ်ခဲ့ပါသည်....Where stories live. Discover now