ချစ်ခဲ့ပါသည်...

11K 509 13
                                    

ရိပ် နိုးတော့ ဦးကမရှိတော့
မနက်အစောကြီး ဘယ်သွားလဲတွေးနေမိပေမယ့် ဘာမှစဉ်းစား၍မရ ရိပ် အိပ်ယာမှထကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ဆင်းလာခဲ့လိုပ်သည် ျမမေတို့ကလည်း အခုထိပြန်မလာကြသေး ရိပ်မေမေက စက်ာပူကရုံးခွဲကို ဘုရားဖူးကနေ တန်းလှည့်ဝင်နေသည်လို့သာ ရိပ်ကို အသိပေးထားလေသည် ရိပ်ကိုတော့ vd callပင်မပြောနိုင်အောင်ကို အလုပ်တွေရှုပ်နေသည်ထင်

ရိပ် မနက်စာစားသောက်ပြီးသည်နှင့် အလုပ်ဆီသို့သာ ထွက်လာလိုက်သည် ညကကိစ္စကိုလည်း ဦးကိူမဖြေရှင်းခိုင်းတော့ပါ အစကထဲက ဦးကကျနော့်ကို မချစ်ဘူးလို့ပြောပြီးသားပဲ

ရိပ် ရုံးခန်းထဲဝင်ခါနီး လက်ထောက်အမက မျက်နှာကြီးမဲ့ကာ ထွက်လာလေသည် ဦးများရောက်နေသည်လား ရိပ် ထိုအမအားမမေးအားပဲ မနက်စာမစားနိုင်ပဲ အစောကြီးထွက်သွားသည့်ဦးကို မနက်စာဘာစားမလဲလို့ မေးမည်ဟုကြံကာ တံခါးကိုအဖွင့် မကြည့်ရဲစွာ မြင်ကွင်းကကြိုဆိုနေလေသည်

*ဟဲ့ ယဉ်ကျေးမှုမရှိဘူးလား တံခါးခေါက်ဝင်လေ လူမှုရေးမသိဘူးလား*

*အမမှူးနဲ့ဦးက ဒါလူမှုရေးလုပ်နေကြတာလား*

ဦးပေါင်ပေါ်တွင် ထိုင်ပြီး ဦးလည်ပင်းကိုလက်နှင့်ဖက်ထားကာ နမ်းရှိုက်တော့မည့်ဆဲလုနီးနီးတွင် ရိပ်ရောက်လာ၍ တော်တော်စိတ်တိုသွားပုံ ဦးကတော့အံ့ဩနေသည့် အကြည့်များဖြင့်သာ ကြည့်နေလေသည်

*မင်း မင်း ရိုင်းလှချည်လား*

*သူများယောကျာ်းကို စနှိုက်နေတဲ့အမကကော ယဉ်ကျေးမှုရှိတယ်ထင်နေတာလား*

*တော်လိုက်တော့ စစ်ရိပ်ကင်း*

ရိပ် အံ့ဩလွန်း၍ ဦးကိုကြည့်လိုက်မိသည် ရိပ်ပြောတာက ဘာများမှားသွားလို့လဲ ထိုမိန်းမက ခပ်ထေ့ထေ့ပြုံးကာ လက်ပိုက်၍ ကြည့်နေလေသည် ဦးကလည်း ကျနော့်ကိုစူးရဲစွာကြည့်နေလေသည်

*ငါတို့ချစ်သူအချင်းချင်းကိုခွဲတာမင်းလေ စစ်ရိပ်ကင်း စနှိုက်ကြော်တာက ဘယ်သူလဲ လူချင်းလွဲနေတယ်*

*စောက်ရှက်မရှိပဲ လာပြောမနေနဲ့စစ်ရိပ်ကင်း ကိုနဲ့ငါနဲ့က နင်သာမရှိခဲ့ရင် ငါတို့ကလက်ထပ်ပြီးနေပြီ*

ချစ်ခဲ့ပါသည်....Where stories live. Discover now