မာန်တို့ ထမင်းဝိုင်းရောက်နေသော်လည်း ဟိုကောင်လေးက ဆင်းမလာသေးပေ တကယ်အကျင့်ပျက်တာပဲ ဖေဖေနဲ့မေမေကတော့ သူ့ကိုစောင့်ေနတာ သူကအခုထိဆင်းမလာသေး ဘာတွေများလုပ်စရာရှိနေလို့လဲ?
မနက်ကလည်း မဆူချင်လို့မရ သူယူထားတဲ့ခွေးက ဟိုဘက်ကခြံက ခွေး အဲ့ဘက်ကခြံက ဘယ်လောက်ဆိုးလဲ မာန်တို့နဲ့ အိမ်နီးချင်းတွေသာ အသိဆုံး ပြောခံရလျှင် ထိုကလေးပဲ အပြောခံရမှာ ကျနော်ပြောတာ နဲနဲလွန်သွားမှန်းလည်း သိသည် ဒါပေမယ့်သူမချော့ချင်
"မာန် မင်း ကလေးကိုဆူထားသေးတာလား"
ဖေဖေက တခါမှ မာန်ကိုဆို ဆူသလိုတွေဘာတွေမပြောဖူးပေ မေမေကပါ မယုံသကာ်အကြည့်နဲ့ကြည့်လာလေသည်
"ဖေဖေကလည်း မဆူပါဘူးဗျာ"
"မင်းမဆူပဲ ကလေးကအခုလိုမနေဘူး သွားခေါ်ချည် သွား ချော့ခေါ်ခဲ့"
"ဟူးစ် ဟုတ်ကဲ့ပါခင်မျ"
မာန် ခပ်ရွဲ့ရွဲ့လေးပြောပြ အိမ်အပေါ်ထပ်သို့တက်ခဲ့လိုပ်သည် မာန့် ဘတမှာဤမျှ ကလေးဆန်ဆန်အလုပ်တွေမလုပ်ဖူး ဒီကလေးရောက်လာမှကို တအိမ်လုံးကလည်း သဲသဲလှုပ်နေတာ အမြင်ကပ်ဖို့ပင် ကောင်းသည်
မာန် ထိုကောင်လေးအခန်းရှေ့ရောက် တံခါးကိုခေါက်မလို့ပြင်ပေမယ့်အခန်းတံခါးက ဟေနသည့်အတွတ်အထဲကိုလှမ်းကြည့်တော့ ကြောင်နဲ့စကားပြောနေလေသည်
အဲ့ကြောင်ကဘယ်ကရရပြန်တာလဲ? စစ်ရိပ်ကင်းရေ မင်းနဲ့ငါခေါင်းမွှေးပြောင်တော့မယ်
"စစ် ရိပ် ကင်း !!
မာန် အော်လိုက်တော့ မျက်နှာငယ်လေးနဲ့ လှည့်ကြည့်လာသည် ပြောလိုက်ရင် မျက်နှာအချိုးလေးက အမြဲအဲ့လို
ဒါပေမယ့် သူအဲ့လိုမျက်နှာမျိုးထားလဲ မာန်တို့ကမပျော့ပေ"မင်း အဲ့ကြောင် ဘယ်ကရပြန်တာလဲ? မင်း သူများကြောင်ယူထားပြန်တာလား ? ဟမ် ငါမေးနေတယ်လေ မင်းယူထားတာလားလို့!
မာန် အော်လိုက်တော့ ကိုယ်လေးက တုန်ခနဲ တုန်ခနဲဖြစ်သွားလေသည် မျက်လုံးဝိုင်းကြီးတွေထဲ မျက်ရည်လေးတွေအရည်လဲ့လာသည်ကိုလည်း တွေ့သည် ဒါပေမယ့်မာန် မျက်နှာထားမချော့မိ
YOU ARE READING
ချစ်ခဲ့ပါသည်....
Novela Juvenilကိုယ် ချစ်တတ်ခဲ့မှ မင်းကမုန်းတယ်တဲ့လား ကလေး ကိုယ်ပဲမှားခဲ့တာလား ကံကွမ်မာကပဲ ရကျစကျခဲ့တာလား #စပ်ခွန်မင်းမာန် အရာအားလုံး ကျွန်တော် လက်လွှတ်ခဲ့ပြီကိုကို ကိုကို့ကို ကျွန်တော်ချစ်ခဲ့ပါတယ် #စစ်ရိပ်ကင်း ရိပ် မင်းအတွတ်ဆို မင်းဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ...