ချစ်ခဲ့ပါသည်...🔞🔞🔞

12.8K 488 8
                                    

ကိုကိုနဲ့ လက်ထပ်ပွဲက တရားရုံးမှာ လက်မှတ်ထိုးရုံလေးနဲ့ ပွဲကပြီးသွားလေပြီ ညရောက်တော့ ကိုကို့သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြားဧည့်သည် အနည်းငယ်မျှသာ

"မာန် မင်းရဲ့ကောင်လေးနဲ့တို့ကိုမိတ်ဆက်ပေးပါအုံးဟ"

မာန် သူ့သူငယ်ချင်းများ တောင်းဆိုလွန်း၍ ယူပြီးယောကျာ်းနာူမရှိပဲ မေမေ့နားသွားကပ်နေသော ရိပ်အား အမြင်မကြည်တာ အမှားလား?

မာန် အိမ်အကူသမားတယောက်ကို သွားခေါ်ခိုင်းတော့ ကျွန်တော့်ဘက်ကို မျက်နှာငယ်လေးနဲ့ လှည့်ကြည့်လာပြီး လျှောက်လာလေသည် အဲ့မျက်နှာငယ်တွေက ဟန်ဆောင်မျက်နှာဖုံးတွေ

"ဦး ရိပ်ကိုခေါ်တယ်ဆိုလို့ "

"ယောကျာ်းနား မနေပဲ မေမေ့နားပဲကပ်နေတော့ခေါ်ရမှာပဲ မင်းကိုငါ့ယောကျာ်း ဘယ်မှာလဲဆို မင်းကိူလိုက်လိုက်ခေါ်နေရတာ အလုပ်တခူ"

ဦး၏ ယောကျာ်း ယောကျာ်းချင်းထပ်နေသော စကားများကြောင့် ရိပ်မျက်နှာပူလာလေပြီ

"ဧည့်သည်တွေရှေ့ထားပြီး ဘာတွေတ်ုးတိုးလုပ်နေကြတာလဲ"

"ဒါက ကျွန်တော်လက်ထပ်ထားတဲ့ကောင်လေး စစ်ရိပ်ကင်းတဲ့"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ်ဗျ"

ရိပ် အကုန်လုံးကိုပြုံးပြပြီး နှုတ်ဆက်လိုက်တော့ အကုန်လုံးက ပြန်ပြုံးပြလေသည် ထိုအထဲမှ ခပ်ဖြောင့်ဖြောင့်အကိုကြီး စကားကြောင့် ရိပ်မျက်နှာရဲခနဲ

"မင်းဟာလေးက မိန်းကလေးတွေထက်တောင်လှနေသေးတယ် တစ်နေကုန် ထိုင်ကြည့်နေချင်စရာလေးကွာ "

"ဟေ့ ဟေ့ကောင် ဒုသနသောနော် "

ဦး သူငယ်ချင်းတွေဝိုင်းနောက်မှ အကုန်ရယ်ကုန်လေသည် ဦးကတော့ ဘာမှဝင်မပြောပဲ ပြုံးနေရုံသာ ဦးက အကုန်လုံးကိုနှုတ်ဆက်ပြီး နိုင်ငံခြားသားတွေနဲ့စကားပြောနေပြန်သည်
မတတ်တက်ခေါက်သာ ပြောတတ်သော ရိပ်ကတော့ သူတို့ ရက်စ်နဲ့ နိုး ကိုသာ ကောင်းကောင်းမွန်မွန်သိလေသည်

"မှူး"

ဦးဆီမှ ထွက်လာသောအသံဖြစ်၍ ရိပ် ဦး၏မျက်လုံးလားရာဆီကြည့်လိုက်တော့ အဝင်ပေါက်တိုင်း လျှောက်လမ်းလာသော မမမှူးထက်သာ ရွှေရောင် ဂါဝန်ရှည်ကြီးကိုဝတ်ထား၍ အခုပွဲက မသိလျှင် ဦးနဲ့မမမှူးရဲ့ပွဲလိုပင်

ချစ်ခဲ့ပါသည်....Where stories live. Discover now