ချစ်ခဲ့ပါသည်......အပိုင်း(၆)
ဒီနေ့ အလုပ်စဆင်းရမှာ ဖြစ်သည့်အတွတ် စစ်ရိပ်တို့တက်ကြွနေလေသည် ထက်သာကလဲ ပြန်လာတော့မည်တဲ့ သူ ပြန်လာမှ စပရိုက်တိုက်ရမယ်ဆိုပြီး ကျွန်တော်အလုပ်ရတာ မပြောပြခဲ့
စစ်ရိပ် ဒူးအောက်လောက်ဘောင်းဘီလေးတွေပဲ ရှိသည့်အတွတ် ထိုဘောင်းဘီဖြင့်ပင်တွဲဝတ်ခဲ့သည် အလုပ်ကလဲ မေမေမြတ် ပြောပေး၍ ရခဲ့သည်ပုံပင်
"စစ်ရိပ် မပြီးသေးဘူးလား ၈ခွဲနေပြီနော် ၉နာရီမလားအလုပ်က သားမာန်မလို့ မင်းကိုအလုပ်ခန့်တယ် ငါသာဆို အဝေးကြီးကရှောင်မှာ"
မွေးမိသခင်ကတော့ အားတွေရှိအောင်ပြောနေပါပြီကော
ရိပ် ဘာယူရမှနမသိသည့်အတွတ် အပေါ်ထပ်က ဒီအတိုင်းပင်ဆင်းလာလေသည်မေမေကတော့ မနက်စာစားဖို့ ပြင်ထားသည်ကပုံမှန်လိုပင် ဒါပေမယ့် အလုပ်စဝင်ရမယ့်ရက်မို့ ဗိုက်ကမဆာပေ မစားဘူးဆိုရင်လည်း ဒေါပွအုံးမည် မတတ်နိုင်ဘူးလေ ဆာမှမဆာတာ
"မေမေ့ သားသွားတော့မယ်"
"ဟဲ့ ဟဲ့ အော် နင်စားဖို့ဒီမှာလုပ်ထားတယ်လေ စစ်ရိပ်ကင်းလေးရဲ့"
မေမေက စိတ်မရှည်စွာ အနားလာရပ်ပြီးပြောနေလေသည် မေမေကအခြားသူတွေနဲ့ဆို တအားသိမ်မွေ့တယ်ဆိုပြီး နာမည်ကြီးသလောက် စစ်ရိပ်နဲ့ဆို အမေကြမ်း၏သမီးလားပင်မှတ်ရလေသည်
"မေမေကလဲ ရင်တွေခုန်ပြီး ဗိုက်ပြည့်နေလို့ပါဗျ "
ရိပ် ဖိနပ်စီးရင်းဖြေလိုက်သည် ထမင်းဘူးလည်းမယူပေ ကန်မ်တင်းမှ စားမယ်ဆိုပြီး ဘာဆိုဘာမှထည့်မလာ လက်ဗလာသပ်သပ်ကြီးပင်
+ရင်ခုန်ရအောင် နင်ကရည်းစားနဲ့တွေ့မှာမို့လို့လား မပြောချင်ဘူး"
"မေမေကလဲ သွားတော့မယ် မွ အာဘွား"
"ငချွဲလေး ကားသေချာမောင်း တခုခုဆို ထက်သာဖြစ်ဖြစ်မေမေ့ဆီဖြစ်ဖြစ် ဖုန်းဆက်နော်"
"ဟုတ် မားသား"
ရိပ် ရွှတ်နောက်နောက်ပြောပြီး ကားပေါ်သို့တက်ပြီး မောင်းထွက်လာလိုက်သည် ဦး အတွတ်အားရှိစေမယ့် အားဆေးခဲလေးလာနေပါပြီ ရိပ် သူ့ဘာသာ တယောက်ထဲပြောချင်ရာပြောပြီး မျက်နှာလေးကဝင်းပနေလေသည်
YOU ARE READING
ချစ်ခဲ့ပါသည်....
Teen Fictionကိုယ် ချစ်တတ်ခဲ့မှ မင်းကမုန်းတယ်တဲ့လား ကလေး ကိုယ်ပဲမှားခဲ့တာလား ကံကွမ်မာကပဲ ရကျစကျခဲ့တာလား #စပ်ခွန်မင်းမာန် အရာအားလုံး ကျွန်တော် လက်လွှတ်ခဲ့ပြီကိုကို ကိုကို့ကို ကျွန်တော်ချစ်ခဲ့ပါတယ် #စစ်ရိပ်ကင်း ရိပ် မင်းအတွတ်ဆို မင်းဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ...