ချစ်ခဲ့ပါသည်....

15.4K 626 10
                                    

ချစ်ခဲ့ပါသည်....အပိုင်း(၂)

"သားသား ရိပ် ရိပ်ရေ"

အောက်က ဒေါ်ခင်ထား အော်နေသော်လည်း အပေါ်ကသူ၏သားတော်မောင်ကတော့ အပေါ်မှာ ဂိမ်းဆော့နေသည်လား ဖုန်းကြည့်နေသည်လား မသိပေ

"ဒီကလေးဟာလေ အိမ်ပေါ်တက်ခေါ်ရအုံးမယ်"

ဒေါ်ခင်ထား တယောက် ပါးစပ်ကလည်းပွစိပွစိပြောရင်း အိမ်ပေါ်တက်သွားရသည် သူမအနေဖြင့် အခြားသူများနှင့် အေးသည် သိမ်မွေ့သည်ဟု နာမည်ရသော်လည်း သူမသားနှင့်ဆို ခနခနဘီလူးဆိုင်း တီးရသည်

ရိပ်လေးအဖေ နောက်အိမ်ထောင်ပြုသွားကတည်းက ရိပ်ကလေးက ဆိုးသွားတာပင် ရိုင်းတော့မရိုင်းပေ သူမကိုလည်းချစ်သည် အိမ်အကူတွေရှိသော်လည်း ခိုင်းလို့ရသည့်ကိစ္စမှန်သမျှ ရိပ်ကိုခိုင်းသည်

"ဟဲ့ ငရိပ် နင့် ငါခေါ်နေတာလေ"

"အာ့ အာ့ မေ မေ့နာတယ်"

ခေါ်လည်းခေါ် အိပ်ယာပေါ် တုံးလုံးပက်ခေါက်လှဲနေသော ရိပ်၏နားရွက်လေးကလဲ မေ့မေ့လက်ထဲ ဘောင်းဘီပေါင်လည်လောက်လေးဝတ်ကာ ခွလုံးတွေရော စောင်တွေရော လုံးထွေးလျက်

"သွား ခေါက်ဆွဲထုပ်တွေ သွားဝယ်ပေးအုံး "

မေမေထုတ်ပေးလိုက်သည့် ပိုက်ဆံအားယူကာ ပွစိပွစိဖြင့်ဆိုကာ အခန်းထဲကထွက်လာလိုက်သည်

"ဟဲ့ ဆော့မသွားနဲ့နော် ကြာမနေနဲ့"

နောက်ကမေမေအော်နေသည့် အသံအား ဟုတ်ဟုအကြောင်းပြန်ကာ အိမ်အပြင်ဘက်သာပြေးထွက်ခဲ့လိုက်သည်

(+_+)(+_+)(+_+)(+_+)(+_+)

ရိပ် ဆိုင်ထဲရောက်သည်နှင့် ဟိုဟာကြည့်လိုက် ပြန်ချလိုက်နှင့်ပင် နောက်နေ့မှ ထက်နဲ့လာဝယ်မယ်ဆိုပြီး မှတ်ထားသည့် ပစ္စည်းများလည်း အများကြီး

"အကုန်လိုချင်နေသော စစ်ရိပ်ကင်းလေးပါပဲ"

ရိပ်က အခုလိုလည်ပတ်ချင်သည့်အတွတ် ကျောင်းကိုအဝေးပဲယူခဲ့သည် ထက်ကလည်း သူနဲ့အတူတူ အဝေးစီးပွားပင်
အားနေတဲ့အချိန်တွေကို သင်တန်းတွေနှစ်ယောက်သားပတ်တက်သည်

ချစ်ခဲ့ပါသည်....Where stories live. Discover now