*MD Marn companyကအတွင်းရေးမှူးလာပါတယ် *
*အော် အင်း ဝင်လာခိုင်းလိုက်ပါ*
ရိပ် လက်ထဲကကိုင်ထားသည့်ဘောပင်လေးကို စူးစိုက်စွာကြည့်ပြီး အတွေးကတော့အခြားတနေရာရောက်နေမိသည် ဦးမာန်က ဘာလို့သူကိုယ်တိုင်မလာရတာလဲ ဒီအလုပ်ကသူနဲ့ဖက်စပ်လုပ်ထားသည့်အလုပ်ကို
*ကျနော်က ကိုယ်စားလှယ်နေရာဖို့လွှတ်လိုက်တာပါ*
ကျနော့်ရှေ့မှာ ရပ်နေသည့် ထိုလူ့အား ကြည့်လိုက်တော့ ခေါင်းငုံ့ကာအရိုအသေပေးနေလေသည် ကျနော့်ရှေ့ကထိုင်ခုံကို လက်နှင့်ထိုးပြကာ ထိုင်ဖို့လုပ်ခိုင်းလိုက်သည်
*ဦးစပ်ခွန်မင်းမာန်က ဒီအလုပ်ကို သူကိုယ်စားယူထားတာမဟုတ်ဘူးလား*
*ဟုတ်ပါတယ် ဒါပေမယ့် ကျနော့်ကိုလွှဲပေးထားလို့ပါဗျ*
ဘာလို့လဲ? ရိပ်အများကြီးမတွေးချင်ပါ ကိုယ့်နားကထွက်သွားတဲ့လူကို ထပ်မဆွဲထားချင်တော့ပါ သူကိုယ်စားလှယ်လွှတ်လိုက်သည့်သူနှင့်ပရောဂျက်အကြောင်း ပြောကြကာ ဆွေးနွေးလိုက်သည်
*ကြော်ငြာဖို့ မော်ဒယ်လ်တွေက ဘယ်လိုစီစဉ်ကြမလဲ*
*ကျနော် MDကိုပြန်မေးပေးပါ့မယ် သူဋေးကအဲ့ဒီ့ဘပ်ကျ အသိများတယ်လေ လုပ်ငန်းခွင်ဝင်တာကလဲ သူ့တစ်သက်ဆိုတော့ သူကပိုသိမယ်ထင်တယ်*
ထိုလူပြောတာလဲဟုတ်သည် ရိပ်ကအောင်မြင်သည်ဆိုပေမယ့် ဦးမာန်နဲ့ယှဉ်ရင်ခြေမှုန့်စာလောက်ပဲရှိသည်
*ဟုတ်ကဲ့ပါ သူမအားဘူးဆိုလဲ ကျနော်လာတွေ့ပါ့မယ်လို့ပြောပေးပါ *
*ဟုတ်ကဲ့ပါ ကိုစစ်ရိပ်ကင်း အဲ့တာဆို ကျနော့်ကိုသွားခွင့်ပြုပါအုံး *
*ကောင်းပါပြီ*
ကျနော့်ရှေ့မှထွက်သွားသည့် ထိုလူ့အအကြောင်းမဲ့လိုက်ငေးနေမိသည် ဒီလိုအချိန်တွေဆို အရင်ကထမင်းလက်စုံစားခဲ့ရသည့် ဦးကိုလွမ်းသည် မျက်နှာတည်ကြီးနှင့် ဆူငေါက်သည့် ဦးကိုလွမ်းသည်
ဒီလိုနဲ့ပဲကျနော်တို့ဝေးသွားကြလိမ့်မည်ထင်
ကျနော်တို့နှစ်ယောက်အခုလိုကြီး အဆုံးသတ်တော့မယ်ထင်ပါတယ် ဦးမာန်ရာ
YOU ARE READING
ချစ်ခဲ့ပါသည်....
Teen Fictionကိုယ် ချစ်တတ်ခဲ့မှ မင်းကမုန်းတယ်တဲ့လား ကလေး ကိုယ်ပဲမှားခဲ့တာလား ကံကွမ်မာကပဲ ရကျစကျခဲ့တာလား #စပ်ခွန်မင်းမာန် အရာအားလုံး ကျွန်တော် လက်လွှတ်ခဲ့ပြီကိုကို ကိုကို့ကို ကျွန်တော်ချစ်ခဲ့ပါတယ် #စစ်ရိပ်ကင်း ရိပ် မင်းအတွတ်ဆို မင်းဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ...