ချစ်ခဲ့ပါသည်..Extra

13.2K 398 7
                                    

*ဦး စပ်ရိပ်မာန် မာန်လေး *

ရိပ်နဲ့ဦးမွေးထားသော သားလေးက အခုဆို ငါးနှစ်သားတောင်ရှိနေလေပြီ ဒီကြားထဲ ဖြစ်ခဲ့သည့်ပြဿနာတွေကလည်း အများကြီးပင် ဦးစေကလဲ ကျနော်လက်ထပ်တာ ဦးမှန်းသိသွားသည် အခုလဲ ကျောင်းကားမရောက်ခင် ပြင်ရဆင်ရမှာကို သားအဖနှစ်ယောက်သား အိပ်ယာကအခုထိမထသေးပေ ရိပ်အခန်းထဲ ဝင်သွားလိုက်တော့ ညဝတ်လေးကလှန်နေကာ ဗိုက်လုံးလုံးလေးတွေတောင်ပေါ်နေလေသည် ဦးကလဲ သားသားကို ရင်ခွင်ထဲဆွဲပွဲ့ကာ သားအဖနှစ်ယောက် ဖက်အိပ်နေကြတာ ဆင်အော်လို့နိုးမည့်ပုံမပေါ်ပေ

*သားသား မာန်လေး *

သားသားအနောက်ကနေဝင်ထိုင်ကာ ညဝတ်လေးကိုဆွဲချပြီး ကျောလေးကို ခပ်ဖွဖွပွတါကာ နှိုးလိုပ်တော့ အင်း အဲ လုပ်ကာ ရိပ်လက်ကိုပါ ဆွဲယူပြီး နှုတ်ခမ်းသေးသေးလေးက ပွစိပွစိလုပ်ကာ ပြန်အိပ်သွားပြန်သည် သားသားက ရိပ်ကိုပို၍တူသည် ပါးဖောင်းဖောင်းတစ်တစ်လေးတွေကို ဖိအိအ်လိုက်တော့ နှုတ်ခမ်းချွန်ချွန်သေးသေးလေးက ရှေ့ကိုတူထွက်နေလေသည်

*ဦး ဦး ထတော့ကွာ ခနနေအလုပ်သွားဖို့ပြင်ရအုံးမှာ *

*စပ်ရိပ်မာန်!! သားသား !!*

ရိပ် စိတ်မရှည်စွာ သားအဖနှစ်ယောက်လုံးကို အော်လိုက်တော့ ကမူးကထူးနဲ့ ထထိုင်ပြီး မောနင်းရိပ် မောနင်း ပါးပါးလုပ်ကာရေချိုးခန်းထဲ ပြေးဝင်ကြလေသည် ရိပ်လဲ အိပ်ယာပေါ်ကထကာ သားသားဖို့ကျောင်းဝတ်စုံလေးကို ထုတ်ပြီး ဦး ဖို့ပါအနောက်တိုင်းဝတ်စုံကိုထုတ်လိုက်သည်

*ဟငြ့ ပါပါးး အီးးးဟီးးးး ဟငြ့*

*ဘာဖြစ်လာတာလဲ သားသား *

သားအဖနှစ်ယောက်ရေချိုးခန်းထဲ ဝင်သွားရင်အမြဲက သားကငိုပြီး ထွက်လာနေကြ တရားခံကတော့ သူ့အပြစ်သူသိသည့်အလား ရေချိုးခန်းအဝကနေ တဘက်ကိုပုခုံးပေါ်တင်ကာ ရယ်‌ပြနေလေသည်

*ဒကဒြီ လုပတြာ အီးးးဟီးးးးးသားသားကို ဟငြ့ ကိုကတြာ ပါပါးး အီးးးဟီးးး*

ပါးဖောင်းဖောင်းလေးအပေါ်က သွားအကွင်းရာလိုက်ကို မြင်ကထဲ ရိပ်သိပြီးသား ဒါကလဲနေ့တိုင်းကြုံတွေ့နေရတဲ့ကိစ္စကို
သားသားက ရေချိုးပြီး ကိုယ်တုံးလုံးလေးနှင့် ဆံပင်ပိစိထောင်ထောင်လေးတွေက ရေစက်လေးတွေတွဲခိုနေသေးသည် ဘယ်လောက်တောင်ကိုက်လိုက်သည်မသိ ပါးလေးပေါ်က အကွင်းရာလေးက သက်သေ

ချစ်ခဲ့ပါသည်....Where stories live. Discover now