ချစ်ခဲ့ပါသည်..

10.8K 520 8
                                    

ဒီနေ့ပိတ်ရက်ဆိုပေမယ့် ကိုကိုကနေ့လည်စာကို တရုတ်ကဧည့်သည်တွေနဲ့ သွားစားတာမို့ ရိပ် အိမ်မှာ တစ်ယောက်ထဲ
ဖေဖေနဲ့မေမေ ရိပ်မေမေပါ ဘုရားဖူးသွားကြသည့်အတွတ် ရိပ်၏ပျင်းစရာနေ့ရက်များက ကျရောက်လာလေပြီ
ထက်ကကျ စကာ်ပူရုံးခွဲကို အလုပ်ကိစ္စနှင့်သွားသည်တဲ့

*အရုပ်သွားကောက်ရမလား *

ရိပ် တယောက်ထဲပြောပြီး အရုပ်ကောက်ဖို့ အိမ်နေရင်းအဝတ်အစားနဲ့ပဲထွက်လာလိုက်သည် ဖုန်းလည်းယူမနေဘူး
ဖုန်းသယ်ရမှာ ရိပ်အတွတ်အပျင်းဆုံးအလုပ်

အရုပ်ကောက်ဖို့ထွက်လာပေမယ့် တကယ်ဆိုင်ထဲရောက်တော့ ဗိုက်ကဆာလာလေပြီ ဗိုက်အရင်ဖြည့်ပြီးမှ ဂိမ်းဘက်လှည့်ရမယ်

*ဘာမှာမလဲခင်မျ*

ရိပ် ဆိုင်အပြင်အဆင်လေးကို သဘောကျ၍ တန်းဝင်လာလိုက်သည် ရိပ် တစ်ဆိုင်လုံးကို လှည့်လည်ကြည့်နေပြီး ရှေ့မှစားပွဲထိုးလေးအား ပြုံးပြလိုက်သည် မှာစရာရှိတာ မှာပြီးတာနှင့် အကြည့်တွေကို ဆိုင်ထဲထပ်လွှတ်လိုက်ပြန်သည်

အကုန်လုံးက တိတ်တိတ်ဆိတ်ဆိတ်စားသောက်နေကာ လက်တော့ပ်ကိုယ်ဆီနှင့် အလုပ်တွေမှာသာ အာရုံရနေလေသည် ဆိုင်လေးကတိတ်ဆိတ်နေသည့်အတွတ် တကယ်အေးချမ်းသည်

*သုံးဆောင်လို့ရပါပြီခင်မျ*

စားပွဲထိုးလေးအား ခေါင်းညိမ့်ပြလိုက်ပြီး ရိပ်စစားလိုက်သည် အရသာကလဲ တကယ်မဆိုးပါ ရိပ်စားနေတုန်း နားထဲဝင်လာသည့်အသံကြောင့် စားလက်စကို ခနရပ်လိုက်သည်

*ဟဲ့ သူဋေးလာမှာတဲ့နော် သူဋေးကအရင်က ဒီလိုဆိုင်လေးတွေဘက် မလာပါဘူး သူ့လက်ထောက်ကိုပဲလွှတ်တာကို*

*ဟဲ့ အရမ်းစည်းကမ်းကြီးပြီး အလွဲမခံဘူးတဲ့နော် ချောတာလဲတအားပဲတဲ့ဟဲ့*

ရိပ် ပြုံးလိုက်သည် ဒီလူကလည်း ဦးမာန်လိုပဲလားမသိပါ
ရိပ်စားစရာကိုသာ အာရုံစိုက်ရင်းစားလိုက်သည် အကုန်ပြီးစီးသည်နှင့် ပိုက်ဆံရှင်းဖို့ နှိုက်လိုက်တော့ မတွေ့
ထပ်ရှာသည် ဒါပေမယ့်မတွေ့ ရိပ် ချွေးစေးတွေပြနါလာလေသည်

ချစ်ခဲ့ပါသည်....Where stories live. Discover now