ချစ်ခဲ့ပါသည်...

12.3K 467 15
                                    

အိမ်ကိုပြန်လာတဲ့ လမ်းတစ်လျှောက် မာန့်မျက်နှာကြီးက ပြုံးဖြီးနေလေသည် ဟိုကလေးကတော့ဆူပုပ်ပုပ်လေးနှင့် ထိုက်လိုက်လာသည်

*ကျေးဇူးတင်ပါတယ် ကလေး ကိုယ်အရမ်းကျေးဇူးတင်တယ်*

ကျနော်ပြုံးဖြီးဖြီးလေးပြောလိုက်တော့မျက်နှာလေးက ဟိုဘက်လှည့်သွားလေသည် ဒီဟာလေးကို တကယ်ချစ်လို့သေတော့မယ်ဗျာ မာန်တို့အိမ်အဝင်အောင် ကားရပ်လိုက်သည်နှင့် မေမေနှင့်ဖေဖေကပါ ပြေးထွက်လာလေသည်

*သားလေး ဘာဖြစ်တာလဲ!!

*အော် နေပါအုံး မေကြီးရာ ကလေးအပြင်ထွက်ပါစေအုံးကွ*

မာန် အမြန်ဆင်းကာ ကလေးဘက်ကကားတံခါးကိုဆွဲဖွင့်လိုက်တော့ ဆူပုပ်ပုပ်မျက်နှာလေးကမပြင်သေးပဲ အထဲဝင်သွားလေသည်

*ဟဲ့ သားကြီး ဘာဖြစ်သွားတာလဲကလေးက*

*ရှက်နေတာမေမေ ျမမေတို့မြေးချီရတော့မှာ အဲ့ကလေးက သူ့ကိုငယ်ငယ်လေးနဲ့ယူခိုင်းပါတယ်ဆိုပြီး စိတ်ဆိုးနေတာ*

*ဟေ ဟုတ်လား ဖေဖေတို့ မြေးရပြီပေါ့*

ဖေဖေနှင့်မေမေကတပြုံးပြုံးတပျော်ပျော်နှင့် အိမ်အကူတွေကိုပါ ဂရုစိုက်ဖို့လှမ်းမှာနေလေသည် သူတို့သားပိစိလေးကဖြင့် ခုမှနှစ်လကို အကဲတွေပိုနေကြလေသည် မာန် အပေါ်ထပ်သို့ လိုက်တက်သွားပြီး မွေ့ယာပေါ်အိပ်နေသည့် ကလေးအနားတိုးသွားကာ ခါးလေးကနေပွေ့ချီပြီး ပေါင်ပေါ်တင်ကာ ရင်ခွင်ထဲထည့်ထားလိုက်သည်

*လွှတ်ပေး ဦးမာန်ရာ မ မနေတတ်ဘူး*

ကျနော့်ကိုယ်ပေါ် တွန့်လိမ်နေသည့် ခါးသေးသေးလေးကို ခပ်တင်းတင်းပွေ့ဖက်ပစ်ကာ လည်တိုင်နှင့်နားရွက်ဖျားလေးကို ငုံလိုက်သည်

*ကလေးသိလား ကိုယ်ကလေးကိုအရင်ကထဲက ချစ်တာ မှူးကိုက ငယ်သူငယ်ချင်းသံယောဇဉ်ကိုအချစ်ထင်နေခဲ့တာ ကိုယ့်ရင်ထဲရှိနေတာကလေးပဲ အခုလိုမျိုး ကိုယ့်သွေးသားလေးကို လက်ခံပေးလို့လဲ အရမ်းချစ်တယ်ကလေးရာ*

အသဲယားသွားကာ ကိုယ်သေးသေးလေးကို ပိုတိုးဖက်လိုက်သည် ဒီကလေးပိစိလေးကို ကျနော်အသဲယားပါသည် ဗိုက်ပူပူလေးရယ် ကိုယ်သေးသေးလေးရယ် ဘယ်လောက်များချစ်ဖို့ကောင်းနေမလဲ

ချစ်ခဲ့ပါသည်....Where stories live. Discover now