*ဟေ့ စစ်ရိပ်ကင်း ဟေ့*
မာန် အိပ်ယာထဲတွင် အသေအချာအိပ်ပျော်နေသော ကောင်ငယ်လေးက်ု မနိုး၍လည်းမဖြစ်သေး နှစ်ယောက်လုံး အလုပ်ကိစ္စနဲ့သွားစရာ ရှိသေးသည်
*ဟေ့ စစ်ရိပ် *
မာန် ပါးလေးတွေ ပိနေ၍ဖောင်းနေသော မျက်နှာလေးကို ထိုင်ငေးနေလိုက်သည် နိုးလို့မှမရတာ ထိုင်ငေးရုံပေါ့ နှုတ်ခမ်းသေးသေးလေးကလဲ စူထော်နေသည်မှာ ချစ်စရာလေး
*ဟင့် မေမေ့ မထချင်သေးဘူး*
သူ့ဘေးနားဝင်လှဲနေသော ကျွန်တော့်လက်ကို အတင်းဆွဲချပြီး ခြေထောက်နှစ်ဖက်လုံးနှင့်ခွထားလေသည် စိတ်လျော့ စိတ်လျော့ ကလေးကမနိုးသေးလို့
တဖြေးဖြေးနှင့်ဖက်ထားမှုက တင်းကြပ်လာသည့်အပြင် ခေါင်းလေးရော ခန္ဓာယ်ကိုယ်လေးကပါ ရင်ခွင်ထဲအတင်းတိုးဝင်နေလေသည် ကျနော့်ရင်ခွင်ထဲ တိုးဝင်နေသည့် သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်းပွေ့ဖက်ရင်း ကျွန်တော်ပါ ဝင်အိပ်လိုက်သည်
*သား မာန်ကဆင်းမလာသေးဘူးလား မေကြီး*
*နေအုံး အပေါ်ခနသွားကြည့်အုံးမယ် အရင်ကဒီအချိန်နိုးနေပြီး ရုံးတောင်သွားနေပြီကို*
ဒေါ်မြင့်မြတ်သူ ပါးစပ်ကပါပွစိပွစိရွတ်ရင်း အပေါ်ထပ်သို့တက်လာလိုက်သည် အခန်းတံခါးခေါက်လိုက်ပေမယ့် အထဲကအသံမကြား၍ ဖွင့်ကြည့်လိုက်တော့ လော့ခ်ျချမထားပေအသာတွန်းဖွင့်ဝင်လိုက်တော့ သားမာန်ရင်ခွင်ထဲ တိုးဝင်အိပ်နေသော ရိပ်ကလေးနဲ့ ရိပ်ကိုယ်လေးကို ခပ်တင်းတင်းဖက်ထားသော သူမသား
ဒေါ်မြင့်မြတ်သူ မနိုးပဲ အောက်ထပ်သာ ဆင်းလာလိုက်သည် အမှန်တကယ်ဆို သူမလဲ ဒီလိုဖြစ်စေချင်နေတာ ကြာနေပါပြီ ရိပ်လေးကိုလည်း သားအရင်းလို ချစ်ပါသည် ဒါပေမယ့် သားမာန်ကမပြတ်သားသလို ဖြစ်နေလေသည်
*မေကြီး သားကဘာတဲ့လဲ*
*အခုမှအိပ်လို့ကောင်းတုန်း ဖေကြီးသားက*
*ဟေ*
ဒေါ်မြင့်မြတ်သူ မျက်နှာမှာ ဖြစ်ပေါ်လာသော အပြုံးကို ဘယ်သူမှသတိမထားလိုက်မိပေ
YOU ARE READING
ချစ်ခဲ့ပါသည်....
Teen Fictionကိုယ် ချစ်တတ်ခဲ့မှ မင်းကမုန်းတယ်တဲ့လား ကလေး ကိုယ်ပဲမှားခဲ့တာလား ကံကွမ်မာကပဲ ရကျစကျခဲ့တာလား #စပ်ခွန်မင်းမာန် အရာအားလုံး ကျွန်တော် လက်လွှတ်ခဲ့ပြီကိုကို ကိုကို့ကို ကျွန်တော်ချစ်ခဲ့ပါတယ် #စစ်ရိပ်ကင်း ရိပ် မင်းအတွတ်ဆို မင်းဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ...