*သားငယ်လေး မနက်စာစားရအောင်လေ*
မာန် လှေကားပေါ်ကဆင်းလာသည့်ကောင်ငယ်လေးကို စားပွဲမှာထိုင်နေရင်းလှမ်းကြည့်လိုက်သည် ဆင်းလာတာလေးကလဲ မျက်နှာသေလေးနှင့် အရယ်အပြုံးလဲအရင်ကလိုမရှိတော့ပေ ကျနော့်အလုပ်မှထွက်၍ သူလေးမေမေ၏လုပ်ငန်းကိုဝင်ဦးစီးနေလေသည်
*စင်ကာပူက ရှယ်ယာရှင်တွေနဲ့တွေ့ဖို့စီစဉ်ထားလို့ပါမေမေ သားမစားတော့ဘူး သားသွားလိုက်ပါအုံးမယ်*
မာန် တရွေ့ရွေ့ထွက်သွားသော ကိုယ်လုံးလေးကို လိုက်ငေးကြည့်နေလိုက်သည် အခုဆို ရိပ်လေးက သူ့ကိုအဖတ်ပင်မလုပ်တော့ အခန်းလဲတခန်းဆီခွဲနေလေသည် ကျနော်ကိုယ်တိုင်လဲ သူစိတ်ချမ်းသာဖို့ဆိုပြီး ဘာမှမပြောခဲ့
*မေမေ ကျနော်ရိပ်ကို လိုက်ပို့လိုက်အုံးမယ်*
မေမေ့ဆီကို အသိသာပေးပြီး အမြန်ပြေးထွက်ခဲ့လိုက်သည် ကျနော်အပြင်ရောက်တော့ အသေးလေးက ကားတံခါးတောင်ဖွင့်နေလေပြီ ကျနော်ထိုလက်ကိုဆွဲယူလိုက်တော့ အသက်မဲ့သလိုမျက်ဝန်းတွေနှင့်ကြည့်လာလေသည်
*ဘာလုပ်တာလဲ ဦး*
*ကိုယ်လိုက်ပို့မယ် တက်*
ကျနော်သူ့ဆီက ကားသော့ကို ပြောင်းယူလိုက်တော့ အယုမခံပဲ သူ့ကျောဘက်ကိုလက်ကိုပို့ပစ်လေသည် ကျနော်ကလဲ အရှုံးမပေးပဲ လုနေ၍ သူလေးကကျနော်နှင့်ကားကြားထဲညှပ်သွားလေသည်
ကျနော် အရမ်းလွမ်းနေသည့်မျက်နှာလေးကို ငေးကြည့်ရင်းတဖြေးဖြေးခေါင်းကိုငုံ့ချလိုက်ပြီး နှာဖျားချင်းထိထားလိုက်သည် ကျနော်ခေါင်းကိုစောင်းငဲ့လိုက်ပြီး နှုတ်ခမ်းလေးဆီတိုးသွားတော့ အထိမခံပဲ ခေါင်းကိုစောင်းသွားလေသည်
*ရော့ ကားသော့ လိုက်ပို့တော့*
ကျနော်ခပ်ဟဟရယ်လိုက်ရင်း သူလေးပေးသည့်ကားသော့ကိုယူကာ ကားတံခါးဖွင့်ပြီးဝင်ထိုင်လိုက်သည် သူလေးကတော့ မျက်နှာလေးကိုချီ၍ ကားမှန်ဘက်လှည့်ထားလေသည်
*ကိုယ်နဲ့ဘယ်အချိန်အခန်းအတူတူပြန်သုံးမှာလဲ*
*ကျနော် ထက် အပေါ်တရားချင်တယ် ထက်က ကျနော်ကိုအသက်ပေးပြီးတောင် ချစ်ပေးခဲ့တယ် ငယ်ငယ်ကထဲက အခုထိပဲ ကျနော့်မျက်နှာပဲကြည့်နေခဲ့တဲ့သူ အရာအားလုံးနဲ့ကျနော့်အတွတ်ဆို အတိုက်အခံလုပ်ရဲတဲ့ သူတယောက်ပဲ*
YOU ARE READING
ချစ်ခဲ့ပါသည်....
Teen Fictionကိုယ် ချစ်တတ်ခဲ့မှ မင်းကမုန်းတယ်တဲ့လား ကလေး ကိုယ်ပဲမှားခဲ့တာလား ကံကွမ်မာကပဲ ရကျစကျခဲ့တာလား #စပ်ခွန်မင်းမာန် အရာအားလုံး ကျွန်တော် လက်လွှတ်ခဲ့ပြီကိုကို ကိုကို့ကို ကျွန်တော်ချစ်ခဲ့ပါတယ် #စစ်ရိပ်ကင်း ရိပ် မင်းအတွတ်ဆို မင်းဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ...