ချစ်ခဲ့ပါသည်.....အပိုင်း(၈)
"ဟယ် သားမာန် လာလာ မင်းညီကတော့ အပေါ်ထပ်မှာ ရှိုးထုတ်တုန်း"
အန်တီခင်က ကျွန်တော့်အား အိမ်ထဲအတင်းဝင်ခိုင်းနေသည့်အတွတ် အားနာစွာ လိုက်ဝင်ခဲ့ရလေသည် အခုမှ ပထမဆုံးရောက်ဖူးတာဆိုပေမယ့် ဒီအိမ်လေးက မျက်စိအေးချင်စဖွယ်လေးနှင့် နေချင်စဖွယ်ကောင်းလှပေသည်
"ဟုတ် အန်တီခင် မေမေကမုန့်လုပ်တာ ဝင်ပို့ခိုင်းလို့"
"အော် ဒုက္ခရှာလို့ကွယ် လာ လာသား ထိုင်အုံး"
မာန် ခေါင်းညိတ်ပြလိုက်ကာ ဆိုဖာတွင်ဝင်ထိုင်လိုက်လေသည် မာန် စားပွဲပေါ်တွင် တင်ထားသည့် သတင်းစာရွက်ကိုယူကြည့်လိုက်တော့ မနေ့က သူ့ကိုအင်တာဗျူးထားသည့်အပိုင်းက ထိပ်ဆုံးကပါနေလေသညါ
"မေမေ့သား ထက်ကိုပဲ အလုပ်လိုက်ပို့ခိုင်းလိုက်မယ်"
မာန် အသံကြားရာဆီသို့ လှည့်ကြည့်လိုက်တော့ ဂျင်းပန်အနက်လေးနဲ့ T-SHIRTအဖြူလေးကို တွဲဝတ်ထားသည့် ရိပ် ကျွန်တော့်ကို မမြင်ပဲ သူ့မေမေထင်ပြီးပြော၍ဆင်းလာပုံရသည်
"အဟမ်း "
ကျွန်တော်ချောင်းဟမ်းလိုက်မှ ကျွန်တော်မှန်းအခုမှသိသွားပုံနှင့်ပြူးတူးပြူးပြဲလေးနှင့် မျက်နှာလေးကလည်း အရောင်ရင့်လာလေသည်
"ဟဲ့ ဟိုကလေး လှေကားကြီးပေါ်ရပ်ပြီး ဘာလုပ်နေတာလဲ"
သူ့မေမေလှမ်းပြောမှ လှေကားပေါ်ကဆင်းလာေလသည်
မျက်နှာလေးကို ငုံ့ထားသည့်အတွတ် နားရွက်ဖျားလေးတွေရဲနေကထဲက ထိုကလေးဘယ်လောက်ရှက်နေကြောင်းသိသာလေသည်"ကျေးဇူးတင်ပါတယ်သားရယ် တကူးတကကြီး မနက်စာစားသွားပါလား လာ လာ"
မာန် ဘာမျပင်အဖြေပြန်မပေးရသေး လက်အတင်းဆွဲခေါ်သွား၍ ထမင်းစာခန်းထဲပါသွားရလေသညိ ထိုကဘေးကလည်း အနောက်နေတွန့်ဆုတ်တွန့်ဆုတ်နဲ့လိုက်လာပုံက လူအနားမကပ်ရဲသလိုပုံစံနှင့်
မာန် သူ့ရှေ့ကကော်ဖီခွက်ကို ယူသောက်လိုက်ရင်း အန်တီခင်နဲ့စကားပြောနေသည်အထိ ထိုကလေးထံမှစကားထွက်မလာသေး
YOU ARE READING
ချစ်ခဲ့ပါသည်....
Roman pour Adolescentsကိုယ် ချစ်တတ်ခဲ့မှ မင်းကမုန်းတယ်တဲ့လား ကလေး ကိုယ်ပဲမှားခဲ့တာလား ကံကွမ်မာကပဲ ရကျစကျခဲ့တာလား #စပ်ခွန်မင်းမာန် အရာအားလုံး ကျွန်တော် လက်လွှတ်ခဲ့ပြီကိုကို ကိုကို့ကို ကျွန်တော်ချစ်ခဲ့ပါတယ် #စစ်ရိပ်ကင်း ရိပ် မင်းအတွတ်ဆို မင်းဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ...