ချစ်ခဲ့ပါသည်...

9.1K 540 5
                                    

ချစ်ခဲ့ပါသည်.....အပိုင်း(၅)

ထက်သာ မေမေခေါ်လို့သာ လိုက်လာရတာ စိတ်က ရိပ်ဆီမှာ အဆင်ရောပြေရဲ့လားမသိပေ အဲ့ရိပ်ဆိုသည်မှာ ကျွန်တော်မရှိလျှင် သူ့ရဲ့ပျင်းစရာကောက်းတဲ့နေ့တွေက ရောက်လာသည်တဲ့ ဘယ်လိုတောင်ပြောတတ်တဲ့ ကောင်ပေါက်လေးမှန်းမသိ

ရိပ်ဆီဖုန်းခေါ်ချင်ပေမယ့်လည်း ဖွားတို့ဆီရောက်တုန်းရောက်ခိုက်မို့ မေမေက ဖုန်းနားအကပ်မခံပေ မေမေ့ယောကျာ်း တနည်းဖြင့်ရိပ်ဖေဖေနှင့် သူတတ်နိုင်သမျှ မဆုံမိအောင်ရှောင်သည် သူရိပ်ကိုအမှန်ပင်အားနာလေသည်

ကျွန်တော်ခြံထဲဆင်းထိုင်နေရင်း ရိပ်ကိုလွမ်းလာသည့်စိတ်ကအစိုးမရတော့ပေ အိမ်အပေါ်ထပ်အမြန်တက်ကာ မေမေမရှိခင် ရိပ်ဆီဖုန်းလှမ်းဆက်လိုက်သည်

"ဟယ်လို ရိပ်"

"ငထက် မင်းတကယ်နေနိုင်တာပဲ"

ထို အသံလေးကိုလွမ်းနေရတာ အရမ်းလွမ်းတယ်ရိပ်ရာ

"မဟုတ်ပါဘူးကွာ ဖွားတို့ဆီရောက်တုန်း မေမေကဖုန်းနားအကပ်မခံလို့ပါ ခုဘာလုပ်နေလဲ?"

"အိပ်နေတယ် ငါတယောက်ထဲမင်းမရှိတော့ပျင်းနေတာ အမြန်ပြန်လာခဲ့တော့"

ထိုအသံလေးကြားတော့ ထက်သာ ရန်ကုန်ကိုသာခြေလျင်ပြန်ထပြေးလိုက်ချင်သည် ရိပ်လေးက သူ့ကိုအမြန်လာစေချင်သည်တဲ့လေ

"အင်း ငါပြန်လာတော့မှာနော် ထမင်းရောပုံမှန်စားလားလူဆိုးလေး လက်သည်းတွေရှည်နေလည်း ကိုယ်ပြန်လာရင် ညှပ်ပေးမယ်နော် ညအိပ်မပျော်ရင် ဘုရားစာထရွတ်နော် အိမ်မက်ဆိုးတွေမက်တာနဲ့ ကိုယ့်ဆီဖုန်းဆက် နေရာတကာတယောက်ထဲပတ်မသွားနဲ့နော် ကြားလားရိပ်"

ထိုဖက်မှ ရှိုက်သံလိုအသံလေးထွက်လာသည် ငိုနေတာလား?

"ရိပ် ရိပ် ဘာ ဘာဖြစ်တာလဲ ကိုယ့် ကိုယ့်ကြောင့်လား?"

ထိုဘက်ကဘာမှပြန်မပြောပဲ တအင့်အင့်သာ ရှိုက်ငိုနေလေသည် သေချာပါသည် ရိပ်သူ့ဖေဖေကိုလွမ်းသွားသည်ဆိုတာ ရိပ်ဖေဖေကလည်း ရိပ်ကိုအရမ်းချစ်သည် ရိပ်မျက်နှာကိုပဲကြည့်နေကာ မျက်နှာလေးတည်နေရင်တောင် သူပါဝမ်းနည်းတတ်သူ

ချစ်ခဲ့ပါသည်....Where stories live. Discover now