ထက်က တစ်ချိန်လုံး ကျနော့်ဘေးနား ရှိနေပေးလေသည် ဦးကတော့ ဆေးရုံကပြန်မလာသေး မေမေမြတ်နဲ့ဦးကပါ ကျနော့်လက်ဖမိုးလေးကို ကိုင်ထားပေးလေသည်
*ရိပ် ဖုန်းလာလို့ ကိုယ်ခနသွားမယ်နော် ခနပဲ ပြနါလာမှာ*
ကျနော် ထက် ကိုခေါင်းညိမ့်ပြလိုက်ကာ အကြည့်တွေကို ဦးဝင်လာမယ့်ဆီသို့သာ ပို့ထားလိုက်သည် ကျနော် ဘယ်လိုရလဒ်ရမလဲ သက်ရောသက်သာလား တွေးနေစဉ် ကျနော့်မျက်လုံးထဲဝင်လာသည်က ခြေလှမ်းခပ်ကျဲကျဲနှင့်ဝင်လာသည့်ဦး
*စစ်ရိပ်ကင်း!!!
ကျနော်နှင့်အတူ မေမေမြတ်နှင့်ဦးလေးကပါ ထရပ်၍ ကိုကို့ကို ကြည့်လာလေသည် ကျနော့်ကို ကိုင်ထားသည့် မေမေမြတ်လက်တွေကလဲ တင်းကြပ်နေခဲ့လေသည်
*ဘာ ဘာဖြစ်သွားလဲ သား*
ဦး၏ မျက်လုံးများက ကျနော့်ဆီသို့သာ ပို့ထားပြီး လုံးဝအကြည့်မလွှဲချေ လက်သီးစုပ်ထားသည်မှာလဲ အကြောတွေပင်ထောင်နေလေပြီ
*မျက်ကြည်လွှာ ပျက်ဆီးသွားတယ် မင်းဘယ်လိုတာဝန်ယူမှာလဲ စစ်ရိပ်ကင်း ငါပြောပြီးသား မင်းပြေးမလွတ်စေရဘူးဆိုတာ အခု သူ့မျက်လုံးတွေပြန်မြင်ရဖို့ မင်းမျက်လုံးတွေကို ပြန်လျော်ပေးရလိမ့်မယ်*
*ဦး*
*သား ဘယ် ဘယ်လိုပြောလိုက်တာလဲ*
ကျနော့်၏ ယိုင်သွားသည့်ကိုယ်ကိုမေမေနှင့်ဦးလေးက ထိန်းကိုင်ပေးကာ ဦးကိုသာကြည့်နေကြလေသည် ဦးကတော့သူ့၏မျက်နှာခားကို တစ်စက်ကလေးမှမချော့ထားပေ
*ဟုတ်တယ် အဲ့တာမင်းကိုလာပြောတာ စစ်ရိပ်ကင်း မင်းအဖြေကိုငါစောင့်နေမယ်*
ဦးကပြောပြီးသည်နှင့်ပြန်ထွက်သွားကာ ကျနော်သာ အသက်မရှိသလို ခွေကျသွားမိသည် ဦးက နောက်ဆုံးအချိန်ထိ ထိုမိန်းမကိူပဲ ရွေးချယ်ခဲ့သည်ပဲ
__________________________
*ခန ကိုဆက်ခွန်မင်းမာန်*
မာန့်၏နောက်ကျောဘက်မှ အသံကြောင့် မာန်ခြေလှမ်းကိုရပ်ကာ နောက်လှည့်ကြည့်လိုက်တော့ စစ်ရိပ်ကင်း၏သူငယ်ချင်းဆိုသည့်ကောင် မာန် သူ့ဘက်ကိုတည့်တည့်လှည့်ကာ ရပ်လိုက်သည်
*မျက်ကြည်လွှာ ပျက်ဆီးသွားတာလား*
*အေး မင်းတို့ရဲ့ မဆင်ခြင်မှုကြောင့် ဖြစ်တာပဲ မင်းတို့ဘာသာဘယ်လောက်ပဲ ကြည်နူးနေပြီး ကမ္ဘာပတ်ပတ် သူတစ်ပါးဘဝကို မင်းတို့နှစ်ယောက်ရဲ့ မဆင်ခြင်မှုနဲ့ ဖျတ်ဆီးပစ်ဖို့မကောင်းဘူး *
*ခင်များစဉ်းစားကြည့်ပါအုံး မှန်လဲမစိုက် ဘာမှမဖြစ်ပဲနဲ့ မျက်လုံးကဘယ်လိုပျက်စီးမှာလဲ နောက်ပြီး သူ့ကိုတိုက်မိချိန်မှာ ကျနော်တို့နှစ်ယောက် အရှိန်လျော့တယ် ကျန်တာခင်များဘာသာဆက်စဉ်းစားပါ*
မာန် တွေခနဲဖြစ်သွားသည် ဆရာဝန်ပြောတာကတော့ မျက်လုံးနဲ့ လမ်းနဲ့အရှိန်ပြင်းစွာ ရိုက်မိလို့တဲ့ မာန် ဘာဆက်လုပ်ရမှန်းမသိပေ
*တကယ်လို့ မျက်ကြည်လွှာ တကယ်ပျက်ဆီးတယ်ဆို ရိပ်ဆီကမယူပါနဲ့ ကျနော်ပေးမှာမို့ ကျနော့သာဆက်သွယ်ပေးပါ *
မာန် ငူငူငိုင်ငိုင်ကြီး ကျန်နေခဲ့မိသည် ဟိုကောင်လေးကတော့ မာန့်စကားကို နားမထောင်ပဲ ထွက်သွားလေပြီ အခုကိစ္စက ဘယ်ကမှားနေသလဲ မာန်သေချာစဉ်းစားဖို့လိုပြီထင်တယ်
______________________
*ဟက်!! အေး အဲ့စူးညှောင့်ကို အရင်ရှင်းလိုက်ပါ အဲ့စူးက အဓိကနေရာမှာပါနေတယ် *
*_________*
*သိပ်ပြီးအစွမ်းပြချင်နေမှတော့ ဘယ်လောက်ထိ စွမ်းလဲ ငါတို့ကစမ်းသပ်ပေးရမှာပေါ့ အေး ဒီညပဲ *
*__________*
*လက်စအကုန်ရှင်းပါစေ အင်း *
ဖုန်းကိုချကာ အကျယ်ကြီးအော်ရယ်နေသည့် သူ့အား မသိသူဆိုလျှင် အရူးလိူ့ထင်ကြပေလိမ့်မည် ဒါပေမယ့် ထိုရယ်သံက ဘယ်လောက်ကြောက်စရာကောင်းသည်ကိုတော့ မည်သူမျှနားမလည်ချေ
*ငါ့ကစားပွဲထဲကို ဝင်လာတဲ့မင်းက အသက်ရှည်စွာ မနေချင်ဘူးထင်တယ် ဟားးဟားးးဟားး*
ထိုရယ်သံက လူတယောက်ရဲ့ဘဝကိုနိဂုံး ချုပ်ပေးပေလိမ့်မည် ထိုလူက မည်သူနည်း ရယ်မောနေသော သူသာလျှင်သိပေလိမ့်မည်
#TBC
YOU ARE READING
ချစ်ခဲ့ပါသည်....
Teen Fictionကိုယ် ချစ်တတ်ခဲ့မှ မင်းကမုန်းတယ်တဲ့လား ကလေး ကိုယ်ပဲမှားခဲ့တာလား ကံကွမ်မာကပဲ ရကျစကျခဲ့တာလား #စပ်ခွန်မင်းမာန် အရာအားလုံး ကျွန်တော် လက်လွှတ်ခဲ့ပြီကိုကို ကိုကို့ကို ကျွန်တော်ချစ်ခဲ့ပါတယ် #စစ်ရိပ်ကင်း ရိပ် မင်းအတွတ်ဆို မင်းဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ...