မင်းယွီအိပ်ယာကနိုးထလာတော့ ခေါင်းတွေမူးနောက်နေတယ် … ညကအဖြစ်အပျက်တွေ ဘာတစ်ခုမှ သတိမရတော့ဘူး … ပြန်စဉ်းစားနေမဲ့အစား လန်းဆန်းသွားအောင် ရေချိုးချင်လာတယ် …
စိတ်ကမကြည်သေး၍ ခုချိန်ထိဘယ်ရောက်နေမှန်းသတိမရသေးဘူး … ကုတင်ပေါ်ကထလာပြီး ရေချိုးခန်းလို့ထင်ရတဲ့ အခန်းထံလျှောက်လာလိုက်တယ် … သို့ပေမဲ့ အခန်းတံခါးက မင်းယွီတွန်းလိုက်ယုံနဲ့ အလိုလိုပွင့်သွားတယ် …
မင်းယွီအိပ်မှုန်ဆုံဖွားနဲ့ ကိုယ်ပေါ်ကအဝတ်တွေကိုတစ်လွှာချင်းဆွဲချွတ်နေမိတယ် … ဘောင်းဘီကိုချွန်ဖို့ ခါးပတ်ဖြည်ပြီးတဲ့အချိန်မှ သန်းဝေပြီးသူ့မျက်လုံးတွေဖွင့်ကာကြည့်လိုက်တယ် …
အခန်းကအဖြူရောင်မို့ တောက်ပြောင်နေတဲ့အပြင် လင်းလပ်နေပြီး မျက်လုံးများပင်ကြိမ်းသွားမိတယ် … သူ့ရှေ့တည့်တည့်က ရေကန်ထဲအကြည့်ရောက်သွားတဲ့အခါ မင်းယွီသရဲတွေ့သည့်အလား လန့်ပြီး အော်လိုက်လေတော့တယ် …
" အား "
မင်းယွီအော်သံကြားတော့ ဖန်းဂူရေချိုးကန်ထဲကနေထလာခဲ့တယ် … သူ့ကိုယ်ပေါ်မှာ ရေစက်တွေတွဲခိုလျှက် … တောင့်တင်းနေတဲ့ဝမ်းဗိုက်ကြွက်သားတွေပေါ်ကနေရေတွေစီးဆင်းသွားကာ ဆွဲဆောင်မှုရှိလှတယ် … မင်းယွီရေစက်တွေစီးဆင်းရာကိုလိုက်ကြည့်ရင်း အိပ်ပျော်နေသည့်မြွေကိုတွေ့သွားတော့ အရမ်းလန့်သွားကာ သူ့ကိုယ်လေးပါကျုံ့သွားမိလေတယ် … မြွေကြီးကအိပ်ပျော်နေတာတောင်အကြီးကြီပဲ …
မှင်သေကာစိုက်ကြည့်နေတဲ့မင်းယွီအသိပြန်မဝင်လာသေး … ဖန်းဂူသူ့ရှေတည့်တည့်ရောက်လာမှ မျက်ဝန်းလေးတွေကလှုပ်ရှားလာကာ ပါးလေးကနီရဲသွားတယ် … ပြီးနောက်ဖန်းဂူ မင်းယွီဘေးနားမှာတင်ထားတဲ့ အဖြူရောင်သပတ်ကိုဆွဲယူပြီး သူ့ရဲ့အောက်ပိုင်းကိုဖုံးကွယ်လိုက်တယ် …
ထိုအခါမှ မင်းယွီလက်တွေက သူ့ရဲ့ကိုယ်ကရင်သားတွေကိုဖုံးဖိလျှက် မျက်လုံးကိုတင်းတင်းလေးပိတ်ထားလိုက်မိတယ် … အရှေ့ကလူရဲ့ ဆွဲဆောင်မှုရှိလှတဲ့အရာတွေကိုလဲ ဆက်မကြည့်နိုင်တော့ဘူး … ခုချိန်မှာသူ့ရဲ့အပေါ်ပိုင်းကအဝတ်ကင်းမဲ့နေပြီး သာမန်လူတစ်ယောက်ရဲ့ရင်သားထက်ကြီးနေတဲ့ အရာအား လက်နဲ့အတင်းဖိကာဖုံးကွယ်နေမိတယ် … အရမ်းရှက်ဖို့ကောင်းတာပဲ …

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein