Chapter - 57 ( S2 💕 )

42.1K 5.1K 1.5K
                                    

၃ နှစ်ခန့် ကြာပြီးနောက် ...

" လုယီလေးရေ "

လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြေးလာတဲ့ သားလေးကိုကြည့်ပြီး မင်းယွီကျေနပ်စွာ ပြုံးနေမိတယ် ...

သားလေးက မင်းယွီလိုပဲ ပန်းပင်တွေကိုသဘောကျတယ်ထင်ပါရဲ့ အိမ်ရှေ့ ကွင်းပြင်ထဲကပန်းခင်းထဲကို ပြေးပြီး ပန်းပင်တွေရေလောင်းရင်းနဲ့ကစားနေတတ်တယ် ... ခုလဲပန်းပင်တွေကိုလိုက်ပြီးဆွဲနှုတ်နေပြန်ပြီ ...

" သားလေး ညစ်ပတ်ကုန်ပြီ ... ပါပါးစောစောကပဲ ရေချိုးပေးထားတာလေ "

လုံးဝင်းနေတဲ့မျက်ဝန်းလေးတွေက မင်းယွီထံစိုက်ကြည့်လာပြီး နှုတ်ခမ်းသေးသေးလေးကနေ ချစ်စရာကောင်းတဲ့ မပီကလာပီကလာ အသံလေး ထွက်ကျလာတယ် ...

" ပါပါး ... သားသားက ပန်းပင်ခူးပေးမို့ပါချို "

" လုယီလေးကလိမ်မာတယ် ... သားရဲ့လက်သေးသေးလေးတွေနဲ့ ပန်းပင်က ခူးလို့မရဘူးလေ ... ထပ်ပြီး ပန်းခင်းထဲမသွားနဲ့တော့နော် ... သားလက်တွေ နာကုန်လိမ့်မယ် "

" ဒါချို ပါပါးနဲ့အတူတူ ပန်းပင်သွားရောင်းမယ် "

" ကောင်းပါပြီဗျာ ... ပါပါးနဲ့တူတူ ဖွားဖွားဆီသွားကြမယ် "

ထိုသို့ပြောလိုက်တော့ သွားသေးသေးလေးတွေပေါ်သည်ထိ လုယီလေး ပြုံးပျော်သွားလေတယ် ... မင်းယွီ စကားတတ်လွန်းတဲ့ သားလေးကို ပွေ့ချီလိုက်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်တယ် ...

၃ နှစ်အရွယ် လုယီလေးက သာမန်ကလေးတွေထက် ကြီးထွှားနှုန်းမြန်ပြီး လမ်းလျှောက်တတ်စဉ်ကတည်းက အပြင်ကိုမထွက်ဖို့ ထိန်းမရတော့ဘူး ... သူ့ Daddy ဖန်းဂူ ရဲ့ အယ်ဖာဖယ်ရိုမုန်းဓာတ်တွေက လုယီကိုယ်လေးထဲမှာ ပျံ့လွင့်နေပြီး မင်းယွီသူ့ကိုမေ့မရဘဲ အမြဲသတိရနေစေခဲ့တယ် ...

သားလေးမွေးဖွားလာစဉ်ကတည်းက မင်းယွီ သူ့ဘဝလေးထဲကို သူဆုံးရှုံးသွားခဲ့တဲ့လူတစ်ယောက် ပြန်ရောက်လာပြီလို့ ခံစားလိုက်ရပြီး ဖန်းဂူရဲ့အငွှေ့အသက်တွေ အပြည့်ရှိနေတဲ့သားလေးကို ချစ်မဝနိုင်ခဲ့ဘူး ... ပြီးတော့ သူတို့သားအဖနှစ်ယောက်ရဲ့ ဘဝလေးထဲကို ဘယ်သူ့ကိုမှအစားမထိုးနိုင်ပဲ သားလေးကိုမြင်တိုင်း ဖန်းဂူအကြောင်းတွေတွေးရင်း နေလာခဲ့လေတယ် ...

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum